လက်နက်တွေ တင်ဆောင်လာတဲ့ အိမ်စီးကားနဲ့ ရဲတွေကို ပြည်သူတွေ ဖမ်းမိ

လက်နက်တွေ တင်ဆောင်လာတဲ့ အိမ်စီးကားနဲ့ ရဲတွေကို ပြည်သူတွေ ဖမ်းမိ

၆၂ လမ်းနဲ့ ၁၀၇ A လမ်းမှာ လက်နက်အပြည့်အစုံနဲ့ အိမ်စီးကားက လမ်းပေါ်မှ လူများကို လိုက်တိုက်ခဲ့တာကြောင့် ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ပါတယ်။

ကားတိုက်မှုကြောင့် လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ကယ်တချို့ ပျက်ဆီးခဲ့ပါတယ်။

စစ်တပ်နဲ့ ရဲတွေအပြည့် လုံခြုံရေးယူထားတဲ့ ၆၂လမ်းမကြီးပေါ်မှာ ဆေးကျောင်းစုံသပိတ် ပိတ်မိနေတာကြောင့် ပြည်သူတွေကလည်း လမ်းမပေါ်ပိတ်ဆို့မှုလုပ်နေတဲ့အချိန် ရဲယူနီဖောင်းဝတ် လူငါးဦးအပါအဝင်Mark II (5K-8559)ကားဟာ လမ်းပေါ်နေလူတွေကို လိုက်တိုက်ခဲ့တာကြောင့် ပြည်သူတွေက ဖမ်းဆီးခဲ့တာပါ။

 ကားနောက်ဖုံးထဲမှာ လက်နက်ပေါင်းစုံပါဝင်ပြီး ကားနဲ့ လက်နက်တွေကိုပြည်သူတွေက လက်ရာမပျက် ထိန်းသိမ်းထားပြီး ရဲတပ်ဖွဲ့ဝင် ငါးဦးကိုလည်း ရပ်ကွက် ဓမ္မာရုံမှာထိန်းသိမ်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly