တရုတ်နည်းပညာဆိုင်ရာ ခြိမ်းခြောက်မှုများကို တားဆီးရန် ခက်ခဲတဲ့စည်းမျဉ်းတွေ အကောင်အထည်ဖော်လိမ့်မည်ဟု အမေရိကန်က အသိပေးပြောဆို

တရုတ်နည်းပညာဆိုင်ရာ ခြိမ်းခြောက်မှုများကို တားဆီးရန် ခက်ခဲတဲ့စည်းမျဉ်းတွေ အကောင်အထည်ဖော်လိမ့်မည်ဟု အမေရိကန်က အသိပေးပြောဆို
Photo: EPA

နောက်လတွင် သတင်းအချက်အလက်နည်းပညာကုန်သွယ်ရေးလုပ်ငန်းကို ရရှိပိုင်ဆိုင်နိုင်ရန်အတွက် Trump အစိုးရက အဆိုပြုထားသည့် စည်းမျဉ်း၊ ဥပဒေများကို ဆက်လက်အကောင်ထည်သွားရန် ရည်ရွယ်နေကြောင်းကိုအမေရိကန်က အသိပေးပြောဆိုခဲ့သည်။ ယင်းလုပ်ရပ်သည် ကူးသန်းရောင်းဝယ်ရေးဌာနကို “နိုင်ငံခြားပြိုင်ဘက်များ”၏ ငွေကြေးလွှဲပြောင်းမှုများဆိုင်ရာ တားမြစ်ခွင့်အာဏာကို ကျယ်ပြန့်စွာပေးထားသည်။

ကူးသန်းရောင်းဝယ်ရေးတွင် တရုတ်အပါအဝင် အစိုးရများ၏ ငွေကြေးလွှဲပြောင်းမှုများကို စောင့်ကြည့်ရန်ခွင့်ပြုမည့် ကြားဖြတ်စည်းမျဉ်း၊ ဥပဒေကို ဂျိုးဘိုင်ဒန်ကျမ်းသစ္စာမကျိန်ဆိုမီ ရက်ပိုင်းအလိုဖြစ်သည့် ဇန်နဝါရီလတွင် ယခင်အစိုးရမှ ပထမဆုံးအဆိုပြုတင်ပြခဲ့သည်။ ယင်းအဆိုပြုချက်ကို ယခင်သမ္မတ ဒေါလ်နယ်ထရမ့်က သမ္မတအမိန့်အာဏာဖြင့် ၂၀၁၉ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

မတ်လ ၂၂ ရက်နေ့အထိ အဆိုပါအစီအစဉ်ကို ပြည်သူများ၏ သဘောထားမှတ်ချက်ပေးခြင်းကို လက်ခံသွားမည်ဟုဌာနက သောကြာနေ့တွင် ပြောကြားလိုက်ပြီး၊ ယင်းနေ့တွင်ပင် စတင်မှတ်ချက်ပေးနိုင်မည်ဖြစ်သည်။ ရက်အတိအကျ မသတ်မှတ်ရသေးသော်လည်း၊ အနာဂတ်ကာလတစ်နေ့နေ့တွင် စီမံချက်များကို အကောင်ထည်ဖော်မည့် နောက်ဆုံးစည်းမျဉ်း၊ ဥပဒေကို ထုတ်ပြန်သွားမည်ဟု ကူးသန်းရောင်းဝယ်ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

ယခင် ကူးသန်းရောင်းဝယ်ရေးအတွင်းဝန် Wilbur Ross က ကြားဖြတ်စည်းမျဉ်း၊ ဥပဒေတွင်တရုတ်၊ ရုရှား၊ အီရန်၊ မြောက်ကိုရီးယားနှင့် ကျူးဘားအစိုးရများကို ပြိုင်ဘက်များအဖြစ် စာရင်းသွင်းဖော်ပြခဲ့သည်။

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဝန်ဆောင်မှုများပေးသည့် ကုန်သွယ်ရေးလုပ်ငန်းတွင် နိုင်ငံခြားပြိုင်ဘက်များက အားနည်းသော နိုင်ငံငယ်များကို အသုံးချခြင်းမှ ကာကွယ်ရန်အတွက် ယင်းစည်းမျဉ်းများက ရည်ရွယ်ထားကြောင်း ကူးသန်းရောင်းဝယ်ရေးဌာနက သောကြာနေ့တွင် အီးမေးလ်ဖြင့် သတင်းထုတ်ပြန်ထားသည်။

“ယုံကြည်စိတ်ချရသော သတင်းအချက်အလက်၊ ဆက်သွယ်ရေးနည်းပညာနှင့် ဝန်ဆောင်မှုများသည် ကျွန်ုပ်တို့၏အမျိုးသားရေးနှင့် စီးပွားရေးလုံခြုံရေးအတွက် မရှိမဖြစ်လိုအပ်ပြီး Biden-Harris အစိုးရအတွက် ထိပ်တန်းဦးစားပေးဖြစ်နေသည်။”

IBM ကော်ပိုရေးရှင်းအပါအဝင် နည်းပညာကုမ္ပဏီများကမူ ယင်းစည်းမျဉ်းကို လက်ရှိပုံစံဖြင့် အကောင်အထည်ဖော်လျှင် စီးပွားရေးကို ပျက်စီးစေလိမ့်မည်ဟု ဆိုသည်။

"ကူးသန်းရောင်းဝယ်ရေးဌာနရဲ့ ကိုယ်ပိုင်ခန့်မှန်းချက်အရတော့ များစွာသော သေးငယ်တဲ့ စီးပွားရေးလုပ်ငန်းတွေအပါအဝင် အမေရိကန်ကုမ္ပဏီသန်းပေါင်းများစွာသည် နည်းဥပဒေသစ်များကို လိုက်နာရသည့်အတွက် ဒေါ်လာဘီလီယံပေါင်းများစွာ ကုန်ကျပါလိမ့်မယ်"ဟု IBM စည်းမျဉ်းဥပဒေရေးရာ ဒု-ဥက္ကဋ္ဌ Christopher Padilla က ပြောကြားခဲ့သည်။

“ဒီလိုမျိုးကြီးမားကျယ်ပြန့်ပြီး စီးပွားရေးအရ ထိခိုက်မှုဖြစ်စေနိုင်တဲ့ ထရမ့်အစိုးရဲ့ စည်းမျဉ်းတွေကို မစဉ်းစားမဆင်ခြင်ဘဲ အလိုအလျောက် လက်ခံလိုက်တာမျိုးက မဖြစ်သင့်ပါဘူး”

များပြားလှသည့် စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများက ငွေကြေးလွှဲပြောင်းမှုကိစ္စရပ်များတွင် အေဂျင်စီက ဝင်ရောက်စွက်ဖက်ရန် အခွင့်အာဏာလွှမ်းခြုံပေးအပ်ခြင်းနှင့် ပတ်သက်၍ စီးပွားရေးအသိုက်အဝန်း တွင် စိုးရိမ်မှုများ ကျယ်ပြန့်စွာရှိနေသည်။

ယခုလအစောပိုင်းတွင် အမေရိကန်ကုန်သည်ကြီးများအသင်းအပါအဝင် အကြီးမားဆုံးကုန်သွယ်ရေး အသင်းအဖွဲ့များက Biden အစိုးရအား ယင်းစည်းမျဉ်းကြောင့် စီးပွားရေးအပေါ် ဆိုးကျိုးများ သက်ရောက်နိုင်သည်ကိုသတိပေးခဲ့ပြီး အကောင်အထည်ဖော်မှုကို ရပ်တန့်ရန် တောင်းဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required