သေနတ်ကျည်မှန်လို့ ဆရာဝန်မတစ်ယောက် သေဆုံး 

သေနတ်ကျည်မှန်လို့ ဆရာဝန်မတစ်ယောက် သေဆုံး 

ဖေဖော်ဝါရီ၊ ၂၇ မုံရွာ 

အာဏာသိမ်းစစ်ကောင်စီရဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းတဲ့ လုပ်ရပ်တွေကြောင့် ဒီကနေ့ မုံရွာမြို့မှာ သေနတ်မှန်ပြီး ဆရာဝန်မတစ်ယောက် သေဆုံးခဲ့ပါတယ်။

ဒီကနေ့ မနက် ၉ နာရီကျော်အချိန်ကစတင်ပြီး ပင်မသပိတ်စစ်ကြောင်းစုရပ်ဖြစ်တဲ့ ပြဿဒ်ကျောင်းရှေ့မှာ လုံခြုံရေးတပ်ဖွဲ့ အင်အားအများအပြားနဲ့ ဝင်ရောက်စီးနင်းကာ အကြမ်းဖက်ဖြိုခွင်းခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ ဒေါက်တာမြတ်သူဇာခင်ဟာ ဆီးခုံကို ကျည်မှန်ဒဏ်ရာနဲ့ သွေထွက်လွန် သေဆုံးခဲ့ဖြစ်ပြီး လူမှုရေးအသင်းတွေက ဆေးရုံကိုပို့ဆောင်ဖို့ ခွင့်တောင်းခဲ့ကြပေမယ့် ခွင့်မပြုခဲ့ပါဘူး။ သွားရောက်ခွင့်တောင်းခဲ့တဲ့ လူမှုကူညီရေးအသင်းကလူတွေပါ အရိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒီကနေ့ အကြမ်းဖက်ဖြိုခွင်းတဲ့အတွက် လူသေဆုံးတာတွေ၊ ဒဏ်ရာရရှိသူတွေများပြားခဲ့ပြီး လူပေါင်း ၂၀၀ ထပ်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly