မေတ္တာတော်လှန်ရေး (သို့မဟုတ်) ဒီမိုကရေစီတိုက်ပွဲ

မေတ္တာတော်လှန်ရေး (သို့မဟုတ်) ဒီမိုကရေစီတိုက်ပွဲ
မြန်မာနိုင်ငံက ဒီမိုကရေစီတိုက်ပွဲဝင်နေကြခြင်း(ပုံ-AFP)

ဖေဖော်ဝါရီ ၂၇

တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းဆိုသည့် လောကပါလ သုံးပါးကို တည်ဆောက်မည်ဟု နိုင်ငံ့ခေါင်းဆောင်ဆိုသူများက ပြောခဲ့ကြသည်။ သို့သော် ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်နေ့မှာတော့ တရားမျှတ ခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းဆိုသည့် လောက ပါးလ သုံးပါးစလုံးသည် အမှောင်ကမ္ဘာထဲကိုရောက်သွားခဲ့ပြီဟု နိုင်ငံသူ/သားများက ဆိုကြလေသည်။

ဘာကြောင့်လဲဆိုသော် ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်အရ အနိုင် ရရှိထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရဆီကနေ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် သည့် စစ်တပ်က အာဏာသိမ်းလိုက်ခြင်းကြောင့် ဖြစ်သည်။

အဆိုပါ စစ်တပ်အာဏာသိမ်းမှုကို မြန်မာနိုင်ငံသူ/သားများ ဖြစ်သည့် အသက်ကြီး ရွယ်အိုမှသည် လူငယ်၊ လူရယ်မှ ကလေးငယ်များအဆုံး Generation X-Y-Z ဆိုကာ ပူးပေါင်းအင်အား/ ပူးပေါင်းခေါင်းဆောင်မှုဖြင့် အကြမ်းမဖက်သော နည်းလမ်းဖြင့် ဆန့်ကျင် ကန့်ကွက် ဆန္ဒပြနေကြသည်။

ကြွေးကြော်သံများမှာ “စစ်အာဏာရှင် ကျဆုံးရေး”၊ “ဒီမိုကရေစီ ပြန်လည်ရရှိရေး”၊ “ဖမ်းဆီးခံထားရသူများ ပြန်လည် လွှတ်မြောက်ရေး”၊ “၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ် အသိအမှတ်ပြုပေးရေး” စသည်တို့ ဖြစ် သည်။

အထက်ပါ စစ်တပ် အာဏာသိမ်းမှု ဆန့်ကျင် ကန့်ကွက်ခြင်းနှင့် မိမိတို့ လိုလားချက်များ ရရှိရေးအတွက် တိုက်ပွဲ ဝင်နေကြသော လူထု၏ အကြမ်းမဖက် နည်းလမ်းကို မေတ္တာတော်လှန်ရေးဟု ကင်းမွန်းတပ် တင်ပြသွားပါ မည်။

မြန်မာနိုင်ငံသူ/သားများသည် ၎င်းတို့လိုလားသော တောင်းဆိုချက်များရရှိရေးအတွက် အာဏာကို ရယူထားသူ များနှင့် လက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ခုခံတော်လှန်ရာတွင် မေတ္တာဖြင့်သာ တိုက်ပွဲဝင်နေသည်ကို တွေ့ရပါသည်။

ဘယ်လိုမျိုးလဲဆိုလျှင် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လူထုဆန္ဒပြမှုကို မျက်ရည်ယိုဗုံး၊ အသံဗုံး၊ ကျည်အစစ်များ၊ ရာဘာကျည်များ၊ နံပါတ်တုတ်များ စသည့် လက်နက် ခဲယမ်း မီးကျောက်မျိုးစုံကို အသုံးပြု ဖြိုခွင်းရာတွင် ပရိတ် တရားနာခြင်း၊ ရေ-မုန့်-ထမင်းများ ကျွေးခြင်း၊ သရုပ်ဖော်ပုံသဏ္ဍန်များ ပြသခြင်း၊ တစ်ဦးအပေါ် တစ်ဦး စိတ် လိုက်မာန်ပါ မလုပ်မိစေရန် ထိန်းကျောင်းခြင်း၊ သီချင်းများ စပ်ဆို သီဆိုခြင်း၊ နိုင်ငံတကာ သံရုံးများရှေ ့သွား ရောက်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်း၊ ရုံးမတက်နဲ့ရုန်းထွက်ဆိုသော (CDM) လှုပ်ရှားမှုဖြင့် ဆန့်ကျင်ခြင်း စသည့် မေတ္တာတရားဖြင့် စစ်အာဏာသိမ်းမှုကို တိုက်ပွဲဝင်နေကြသည်။

ပြည်သူ့မေတ္တာသည် တရားသော မေတ္တာဖြစ်သည့်အတွက် လက်အောက်ငယ်သား ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သား တချို ့သည် ပြည်သူဘက်သို့ ပူးပေါင်း ပါဝင်လာကြသလို လုံခြုံရေးနှင့်မိသားစု အခက်အခဲများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ပေါ်ပေါ်ထင်ထင် ထောက်ခံမှု မပြနိုင်သော်လည်း တချို ့သော ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများသည် အွန်လိုင်းများကတဆင့် ထောက်ခံကြောင်း ပြသကြသည်။

ဥပမာ- Tik Tok၊ Facebook အပါအဝင် လက်သုံးချောင်းထောင်ပြခြင်း စသည့် နည်းလမ်းမျိုးစုံဖြင့် ပြည်သူ့ မေတ္တာရပ်ကို ပြန်လည် ထောက်ခံပေးလျက်ရှိနေကြသည်။ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများသည် ပြည်သူ့ မေတ္တာစူးမည်ကို အလွန်အမင် စိုးရိမ်လျက်ရှိကြပြီ သူတို့၏ ခံစားချက်များကို Tik Tok၊ Facebook တို့မှာ ဖော်ပြ လျက်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။

စစ်တပ် အာဏာသိမ်း ဆန့်ကျင်ရာတွင် သေဆုံးခဲ့ရသူများ အောက်မေ့ဖွယ် အခမ်းအနား (ပုံ-AFP)

တချို ့ကမူ အမိန့်ဆိုသော အခြေအနေကို မလွန်ဆန်နိုင်ခြင်းကြောင့် မပါဝင်ကြသော်လည်း စိတ်ထဲမှာတော့ ပြည်သူက သူတို့ကို ပစ်ပယ်သွားမည်၊ ဖယ်ချဉ်သွားမည်ကို အလွန်အမင် စိုးရိမ်နေကြသလို ဝမ်းနည်းမှုများ ရှိနေကြသည်။ အထူးသဖြင့် အကြမ်းမဖက်သော နည်းလမ်းဖြင့် ဒီမိုကရေစီတိုက်ပွဲဝင်နေသော ပြည်သူ့ မေတ္တာ စူးမည်ကို အလွန်အမင် စိုးရိမ်လျက်ရှိကြသည်။

ကြောက်စရာအကောင်းဆုံး လူများတွင် ဗိုက်ဆာနေသော လူမျိုးလည်း တစ်မျိုးပါဝင်သည်။ထို့ကြောင့် ယခု မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ဒီမိုကရေစီတိုက်ပွဲတွင် လုံခြုံရေးကို တာဝန်ယူနေရသော လုံခြုံရေးတပ်ဖွဲ့ဝင် များကို အထက်လူကြီးများက ဗိုက်ဆာအောင် ထား၍ စိတ်တိုနေအောင် လုပ်ထားကာ စိတ်ထားနူးညံ့သော လူပင် စိတ်ဆိုး ဒေါသထွက်ပြီ လူကို ရိုက်နှက်ချင်စိတ်ပေါက်စေသည့် နည်းဗျူဟာကို ကျင့်သုံးကာ လူထုကို ဖြို ခွင်းနိုင်သည်။

ထို့ကြောင့် လူထုသည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရေ-မုန့်-ထမင်း စသည့် စားစရာ သောက်စရာများကိုပေး ကမ်းစွန့်ကြဲခြင်းဖြစ် မေတ္တာ မပျက်ထားကာ မေတ္တာတော်လှန်ရေးကို ဆင်နွှဲနေကြသည်။

မည်သို့ပင်ဆိုစေကာမူ မေတ္တာဖြင့် တိုက်ပွဲဝင်နေသော ဒီမိုကရေစီ တိုက်ပွဲကို ပြည်သူလူထု အများစုက အောင်မြင်မည်ဟုလည်း ယုံကြည်ထားကြသလို တချို ့သော ပြည်သူများကလည်း ဒီမိုကရေစီတိုက်ပွဲ ရှည်ကြာ လာပြီ အားပျော့လာမည်ကို စိုးရိမ်မှုများလည်း ရှိနေကြသည်။

တချို ့ကလည်း ဒီမိုကရေစီတိုက်ပွဲကို လူငယ်အများစု Generation Z က စုပေါင်းအင်အား/ စုပေါင်းခေါင်း ဆောင်မှုများဖြင့် သွားနေသည်ကို ထောက်ခံသော်လည်း အဓိက တာဝန်ရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD)၏ ဦးဆောင်မှု အခန်းကဏ္ဍသည် အားနည်းနေခြင်းနှင့်

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)က လုပ်ဆောင်နေသော လုပ်ငန်းစဉ်များ အားနည်းနေခြင်းအပေါ် အားမလို အားမရဖြစ်နေကြသူများလည်း ရှိသည်။

စစ်တပ် အာဏာသိမ်းမှု ဆန့်ကျင်သူများကို ပစ်ခတ်ဖြိုခွင်းရာတွင် သုံးသည့် လက်နက်များ (ပုံ-AFP)

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ CRPH မှာ ပါဝင်ခြင်း မရှိသည်ကိုတွေ့ရခြင်းကြောင့် NLD ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များနှင့် CRPH ကြား အချိတ်အဆက် မရှိဘူးဟုလည်း အများက ထင်ကာ အားမလို အားမရ ဖြစ်နေကြသည်။ အလားတူ CRPH က ဦးဆောင်၍ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းရန် လမ်းညွန်မှုသည်လည်း ပြည်သူလူထုနှင့် CRPH ကြား အချိတ်အဆက် အားနည်းမှုများ ရှိနေခြင်းကြောင့် ရပ်ကွက်တွင်နေ ပြည်သူလူထု က မည်သို့ မည်ပုံ ဖွဲ့စည်းထူထောင်ပြီ မည်သည့် လုပ်ငန်းများကို ဖော်ဆောင်ရမလဲ မရှင်းလင်းဘဲ ဖြစ်နေခြင်း ကြောင်း ဆိုနေကြသည်(အထူးသဖြင့် ပြဿနာတစ်ခုခု ဖြစ်ရင် CRPH က ဘယ်လို လုံခြုံရေး အာမခံပေးမလဲ- ဘယ်လိုမျိုး သတင်းပို့ပြီး လမ်းညွန်ချက်ကို စောင့်၍ အကောင်အထည်ဖော်နေရမလဲဆိုတာ ရှင်းရှင်းလင်းလင်း သိလိုနေကြသည်)။

ထို့နောက် CRPH သည် ပြည်ထောင်စုအစိုးရအဖွဲ့ အဖြစ် စင်ပြိုင် ဖွဲ့စည်း၍ နိုင်ငံတကာကို သံအမတ်များ ခန့် အပ် စေလွှတ်ခြင်းများ ပြုလုပ်သင့်သော်လည်း ယခုအချိန်ထိ မလုပ်သေးခြင်းကလည်း နိုင်ငံတကာ အသိ အမှတ်ပြုမှုနှင့် စစ်ကောင်စီကို ပါဝါချိန်ခွင်လျှာညှိရန် အားနည်းနိုင်စေကြောင်းကို သတိထားရန် လိုအပ် နေသည်။

ထို့ပြင် အစိုးရဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ ပြည်သူဖြင့် ပူးပေါင်းလာပါက ၎င်းတို့ စား ဝတ် နေရေးနှင့် လုံခြုံရေးအပေါ် မည်သို့ အာမခံချက် ပေးမည်ကိုလည်း သေသေချာချာ ရှင်းရှင်းလင်းလင်း မလုပ်နိုင်သေးခြင်းကလည်း မေးခွန်းထုတ်စရာဖြစ်နေသည်။

ယခင် ၁၉၉၀ အထွေထွေရွေးကောက်ပွဲ ရလဒ် စစ်တပ်က အသိအမှတ်မပြုဘဲ အာဏာသိမ်းခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်၊ ခွန်ထွန်းဦး၊ ဦးအေးသာအောင်တို့ ဦးဆောင်သည့် CRPP သည်ပင် စစ်အုပ်စုကို အနိုင်ရအောင် မလုပ်နိုင်ခဲ့သော အခြေအနေနှင့် နှိုင်းယှဉ်ကြည့်ကာ ယခု ဖွဲ့စည်းထားသော CRPH လုပ် ဆောင်နေသော အခင်းအကျင်းများအပေါ် အားမလိုအားမရဖြစ်၍ လုပ်ငန်းများ တက်နိုင်သမျှ အမြန်ဆုံး အကောင်အထည်ဖော်စေလိုသူများလည်း ရှိနေကြသည်။

အထက်ပါ အားနည်းချက်များကို အားသာချက်အဖြင့် အသွင်သဏ္ဍာန်ကို ပြောင်းလဲ ဖော်ဆောင်နိုင်မည်ဆိုပါက လက်နက်အားကိုးဖြင့် အာဏာကို ရယူထားသူများနှင့် အကြမ်းမဖက်သော နည်းလမ်းဖြင့် ဒီမိုကရေစီတိုက်ပွဲဝင် နေသော ပြည်သူလူထုအပေါ် ပစ်ခတ်ဖြိုခွင်းနေသော အုပ်စုများကို အနိုင်ရယူနိုင်မည်ဖြစ်သည်။

ပြည်သူလူထု၏ မေတ္တာတော်လှန်ရေးသည်လည်း အောင်မြင်မည်ဖြစ်သည်။ ပြည်သူ့ မေတ္တာ အစူးမခံနိုင်သော ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများလည်း ပြည်သူလူထုနှင့်ပူးပေါင်းလာနိုင်ပြီ ဒီမိုကရေစီတိုက်ပွဲကို ဆင်နွှဲလာကြ လိမ့်မည်။

စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်နေသူများကို ဖမ်းဆီးနေစဉ်(ပုံ-AFP)

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာ နိုင်ငံဖြစ်ပြီး အများစုသည် ဗုဒ္ဓဘာသာ ကိုးကွယ်သူများဖြင့်သည့်အလျောက် ဗုဒ္ဓဘုရားရှင်က ရန်ကို ရန်ဖြစ် တုန့်ပြန်ခြင်းထက် မေတ္တာဖြင့်သာ အနိုင်ယူရန် ဟောကြားထားတော်မူသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ တိုင်းပြည်သည် မေတ္တာတရားဖြင့် အဓမ္မကို အနိုင်ယူကြလိမ့်မည်။

ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် ယခုဆိုလျှင် အစ္စလာမ်ဘာသာဝင်များ၊ ဟိန္ဒိူဘာသာဝင်များ၊ ခရစ်ယာန်ဘာသာဝင်များ စသဖြင့် ဘာသာဝင်များလည်း ဗုဒ္ဓဘာသာဝင်များဖြင့် ပူးပေါင်း၍ အဓမ္မနည်း ဖြင့် အာဏာကို ရယူထားသည့် စစ်အုပ်စုကို ဆန့်ကျင် ကန့်ကွက်နေကြသည်။

အဆိုပါ ဘာသာဝင်များ အားလုံးသည် မေတ္တာဖြင့် တိုက်ပွဲဝင်နေကြသူများသာဖြစ်သည်။ အဘယ်ကြောင့်ဆို သော ဘာသာမခြား လူမျိုးမခြားဘဲ ကိုယ်တက်နိုင်သည့် ဘက်ကနေ ပါဝင်ကာ မေတ္တာတော်လှန်ရေးကို ဆင်နွှဲ နေကြသည်။ ဥပမာပြရလျှင် ဗုဒ္ဓဘာသာဝင်မဟုတ်သော မုတ်ဆိတ်နှင့် ဘရားကြော်/စမူဆာကြော်ရောင်းနေ သည့် မြန်မာနိုင်ငံသား ပြည်သူလူထုသည် ဒီမိုကရေစီတိုက်ပွဲဝင်နေသော ပြည်သူများကို သူရောင်းနေသည့် အကြော်များကို အလကားကျွေးခြင်းဖြင့် သူ၏ ပါဝင်နိုင်သော အခန်းကဏ္ဍကနေ ဒီမိုကရေစီတိုက်ပွဲကို မေတ္တာ ဖြင့် ပါဝင်နေခြင်းကို တွေ့နိုင်ပါသည်။

ဒီမိုကရေစီ တိုက်ပွဲဝင်ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ် ဖြိုခွင်းမှုကြောင့် အသက်စွန့်သွားကြရသော နိုင်ငံသားများကိုလည်း ပြည်သူလူထုသည် မမေ့ဘဲ မေတ္တာတရားကို ပြသ၍ အောက်မေ့ပွဲ အခမ်းအနားဖြင့် ဂုဏ်ပြုကြသလို မိသားစုဝင်များကို ဖေးမ ကူညီမှုများဖြင့် အားပေးကြသည်ကိုလည်း တွေ့ကြရသည်။

ထိုသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်ဖြိုခွင်းမှုများကြောင့် အသက်စွန့်သွားကြရသူများ သူတို့မျက်စိရှေ ့မှာ ကြုံတွေ့ရသည့်တိုင် ပြည်သူလူထုသည် မကြောက်မရွံ ့ မေတ္တာမပျက် အကြမ်းမဖက်သော နည်းလမ်းဖြင့်သာ ရင်ဆိုင် ကျော်လွှားလျက်ရှိခြင်းကြောင့် ပြည်သူ့ မေတ္တာ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ကျရောက်ကာ ညည အိပ်မက်ဆိုးများဖြင့် ဖြတ်သန်းနေကြရမည်မှာ မလွှဲဧကန်အမှန်ပင်ဖြစ်သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ ဒီမိုကရေစီတိုက်ပွဲဝင်နေသူ တစ်ဦး (ပုံ-AFP)

မည်သည့် အခြေအနေမျိုးပင်ဖြစ်ပါစေ အားနည်းချက်များကို ပြင်ဆင်ကာ အားသားချက်များအဖြစ် ပြောင်းလဲ ကာ လိုအပ်သော လုပ်ငန်းစဉ်များ အမြန်ဆုံး အကောင်အထည် ဖော်ခြင်းဖြစ် မြန်မာနိုင်ငံက ဒီမိုကရေစီ တိုက်ပွဲကို မေတ္တာဖြင့် အနိုင်ယူရမည်။

ကမ္ဘာ့နိုင်ငံများတွင် လူထုအုံကြွမှုများ ဖြစ်ပွားပါက အကြမ်းမဖက်သော နည်းလမ်းကို အသုံးပြု၍ မေတ္တာဖြင့် တိုက်ပွဲဝင်မှုများသည် အောင်မြင်မှု ပိုများလေ့ရှိပြီး အကြမ်းဖက် တိုက်ပွဲဝင်သော နည်းလမ်းများက ကျဆုံးရာ လမ်းကြောင်းဘက်ကို ပိုများစေသည်ဟု လေ့လာတွေ့ရှိရပါသည်။

အဓမ္မနည်းလမ်းဖြင့် ရယူထားသော စစ်အုပ်စုဆီကနေ မြန်မာနိုင်ငံသူ/သားများသည် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းဆိုသော လောကပါလ သုံးပါးကို မေတ္တာဖြင့် ပြန်လည်ရယူနိုင်ရေး ကြိုးပမ်းနေကြပြီ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေသော ဒီမိုကရေစီတိုက်ပွဲကို မြန်မာနိုင်ငံသူ/သားများက မေတ္တာဖြင့် အနိုင်ယူနိုင်ရေး ကြိုးပမ်းနေပြီ ဖြစ်သည့်အတွက် မကြာခင် အချိန်မှာ အမှောင်မှသည် အလင်းသို့ ရောက်ရှိမည်ဟု ယုံကြည်ပါသည်။

မေတ္တာသည်သာ အစဉ်ကြီးစိုးပြီ အမှောင်လောကသည် ထာဝရချုပ်ငြိမ်းမည်…!

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required