သတင်းထောက်အချို့နဲ့ ဆန္ဒပြသူတွေ ဖမ်းဆီးခံရ

သတင်းထောက်အချို့နဲ့ ဆန္ဒပြသူတွေ ဖမ်းဆီးခံရ

မြန်မာနောင်းရဲ့ သတင်းထောက် မကေဇွန်နွေးကို ယနေ့မနက်မှာ စမ်းချောင်းမြေနီကုန်းမှာ ရဲတပ်ဖွဲ့က Live လွှင့်နေစဉ်အတွင်းမှာ ဖမ်းဆီးခဲ့ပါတယ်။ ထို့အတူ MPA က ကိုရဲမျိုးခန့်နဲ့ AP က ကိုသိန်းဇော်တို့လည်း လှည်းတန်းမှာ သတင်းရယူနေစဉ် ဖမ်းဆီးခံခဲ့ရပါတယ်။

မုံရွာမှာလည်း မုန်ရွာဂေဇက်ရဲ့ CEO ကိုကျော်ကျော်ဝင်းခေါ် ကိုလေးကို ရဲတွေက ရိုက်နှက်ပြီးတော့ ဖမ်းဆီးသွားပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ဆင်ဖြူရာမ ဘုန်းကြီးကျောင်းနားမှာ ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။ ပြီးတော့ အမျိုးသမီး သတင်းထောက် တစ်ယောက်လည်း ပျောက်ဆုံးနေပါတယ်။ 

ဒီနေ့ စစ်အာဏာရှင်ကို ဆန္ဒပြတဲ့သူတွေကို ဖြိုခွဲဖမ်းဆီးရာမှာ ရန်ကုန်မြို့မှာဆိုရင် မြေနီကုန်း၊ လှည်းတန်း၊ ဆူးလေ၊ တာမွေအိုးရှင်းနဲ့ ရန်ကုန်မြို့ နေရာအတော်များများမှာ ဖမ်းဆီးနေပါတယ်။

ဒီနေ့ မနက်ကတည်းက မြေနီကုန်းမှာ ဆန္ဒပြနေကြတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံသပိတ် စစ်ကြောင်းထဲက အနည်းဆုံး ၈ ယောက်ဖမ်းဆီးခံထားရကြောင်း သပိတ်ကော်မတီဝင် Athan အဖွဲ့ ဒါရိုက်တာ မောင်ဆောင်းခက သူ့ရဲ့ ဖေးစ်ဘွတ်မှာ တင်ထားပါတယ်။ သတင်းသမားတစ်ယောက် အပါအဝင် မွန်လူငယ် ၃ ဦး၊ ချင်းလူငယ်တစ်ဦး၊ အင်းသားတစ်ဦး၊ ရှမ်းလူငယ်တစ်ဦးနဲ့ကိုမြတ်ကျော်လည်း အဖမ်းခံထားရတယ်လို့ ရေးထားပါတယ်။

ထို့အပြင် နယ်မြို့တွေ ဖြစ်တဲ့ မန္တလေးမှာ ဆန္ဒပြတဲ့သူတွေကို ဖမ်းဆီးတာတွေ ရှိနေပြီး   မုံရွာမြို့မှာ (၂၀၀) နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly