အိန္ဒိယနိုင်ငံ Bharat Biotech မှ Covid-19 ကာကွယ်ဆေးသန်း ၂၀ ဘရာဇီး ဝယ်ယူမည်

အိန္ဒိယနိုင်ငံ Bharat Biotech မှ Covid-19 ကာကွယ်ဆေးသန်း ၂၀ ဘရာဇီး ဝယ်ယူမည်

ဘရာဇီးနိုင်ငံကျန်းမာရေး ၀န်ကြီးဌာနသည် အိန္ဒိယနိုင်ငံ Bharat Biotech မှ ထုတ်လုပ်သော Covid- 19 ကာကွယ်ဆေး Covaxin သန်း ၂၀ ဝယ်ယူရန် သဘောတူစာချုပ်ကို ကြာသပတေးနေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ယင်းဆေးများကို မတ်လမှမေလအတွင်း တင်ပို့ပေးမည် ဖြစ်သည်။ 

၀န်ကြီးဌာန၏ ကြေငြာချက် အရအဆိုပါ စာချုပ်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၉၀,၀၀၀ ဖိုးရှိပြီး ပထမဆုံးအသုတ်အနေဖြင့် ဆေး ၈ သန်းသည် မတ်လအတွင်းရောက်ရှိမည်ဖြစ်သည်။ 

ကမ္ဘာပေါ်တွင်ဒုတိယသေဆုံးမှုအများဆုံး coronavirus ဖြစ်ပွားမှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဘရာဇီး၏ကာကွယ်ဆေးဝယ်ယူမှုကိုအရှိန်မြှင့်ရန် ကျန်းမာရေး၀န်ကြီးဌာနက ပြီးခဲ့သည့်အပတ်က ကာကွယ်ဆေးလေလံဆွဲခြင်းလုပ်ငန်းစဉ်၌စည်းကမ်းအသစ်များထုတ်ပြန်ခဲ့သည်။ 

ကြာသပတေးနေ့တွင် ဘရာဇီးနိုင်ငံ၌ Covid-19 ‌‌‌‌ကြောင့်အသစ်ထပ်မံ သေဆုံးသူ ၁၅၄၁ ယောက်ရှိခဲ့ပြီး ကူးစက်မှုစတင်ကတည်းကဒုတိယအများဆုံးသေဆုံးသည့်နေ့ဖြစ်ပြီး စုစုပေါင်းသေဆုံးသူ ၂၅၁,၄၉၈ ယောက်ရှိသွားပြီဖြစ်သည်။ 

အသစ်ကူးစက်ခံရသူ ၆၅,၉၉၈ ယောက်အပါအဝင် ယခုအချိန်ထိရောဂါကူးစက်သူစုစုပေါင်း ၁၀,၃၉၀,၄၆၁ ယောက်ရှိနေပြီဖြစ်သော တောင်အမေရိကနိုင်ငံ ဘရာဇီးသည်ယခုအခါ  အမေရိကန်နှင့်အိန္ဒိယနောက်တွင် ကမ္ဘာ့တတိယကူးစက်မှုများဆုံးနိုင်ငံဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly