အိန္ဒိယကျန်းမာရေးလုပ်သားများက ပြည်တွင်းထုတ် COVID ကာကွယ်ဆေးအထိုးခံရန် တွန့်ဆုတ်နေ 

အိန္ဒိယကျန်းမာရေးလုပ်သားများက ပြည်တွင်းထုတ် COVID ကာကွယ်ဆေးအထိုးခံရန် တွန့်ဆုတ်နေ 
Photo: EPA

ဆေးတော်တော်များများဖြန့်ချိမည့်ရက်များမတိုင်ခင် ကြာသပတေးနေ့တွင် အိန္ဒိယအစိုးရက ထုတ်ပြန်သည့် အချက်အလက်များအရ နောက်ဆုံးအဆင့် အစွမ်းထက် ထိရောက်မှုအချက်အလက်များမပါရှိဘဲ အငြင်းပွားဖွယ်အတည်ပြုထားသည့် ပြည်တွင်းထုတ် COVID-19 ကာကွယ်ဆေးကို ကျန်းမာရေးစောင့်ရှောက်မှုနှင့်  ယုံယုံကြည်ကြည်ထိုးရန် အစိုးရက အတင်းကြိုးပမ်းနေရသည်။ 

Mask ဝတ်ဆင်မှုလျော့နည်းလာခြင်းနှင့် ပြည်နယ်များတွင်လည်း လူအချင်းချင်း ခပ်ခွာခွာနေရသော အစီအမံများကို ဖြေလျှော့ချပေးထားသည့်အတွက် ကူးစက်မှုများလာသည့် အိန္ဒိယနိုင်ငံသည် အမေရိကန်ပြီးနောက် ကမ္ဘာပေါ်တွင် COVID-19 ကူးစက်မှု ဒုတိယအများဆုံးနိုင်ငံဖြစ်ပါသည်။  

ပြည်တွင်းတွင်ထုတ်လုပ်သည့်ကာကွယ်ဆေးအပေါ်ယုံကြည်မှုမရှိခြင်းသည် အိန္ဒိယနိုင်ငံရှိလူဦးရေ ၁.၃၅ ဘီလီယံအနက် သန်း ၃၀ဝ ကို သြဂုတ်လနောက်ဆုံးထားပြီး ကာကွယ်ဆေးထိုးရန်ဟူသော ရည်မှန်းချက်ပြည့်မီရေးကိုအတားအဆီးဖြစ်စေမည်ဖြစ်သည်။ 

အိန္ဒိယနိုင်ငံသည် ဇန်နဝါရီ ၁၆ ရက်နေ့ ကာကွယ်ဆေးထိုးရေးလှုပ်ရှားမှုစတင်ကတည်းက ကျန်းမာရေးစောင့်ရှောက်မှုနှင့်ရှေ့တန်းလုပ်သား ၁၀.၅ သန်းကျော်ကိုကာကွယ်ဆေးထိုးပေးခဲ့ပြီးဖြစ်သည်။ 

သို့သော် ၎င်းတို့ထဲမှ ၁.၂ သန်းသာ (သို့မဟုတ် ၁၁ ရာခိုင်နှုန်းခန့်သာ) သည် Bharat Biotech မှ ပြည်တွင်းတွင်ထုတ်လုပ်သောကာကွယ်ဆေး COVAXIN ကို ထိုးခဲ့ကြပြီး၊ ကျန် ၉.၄ သန်းသည် AstraZeneca မှလိုင်စင်ရရှိထားသည့် ကာကွယ်ဆေးကိုအသုံးပြုခဲ့ကြောင်း ကာကွယ်ဆေးထိုးမှုကို ခြေရာခံစာရင်းယူသည့် အစိုးရ၏ Co-Win အွန်လိုင်း အက်ပလီကေးရှင်း တွင် ဖော်ပြထားသည်။ 

အိန္ဒိယ၏ဖက်ဒရယ်အစိုးရသည်ယခုအချိန်အထိ COVAXIN ထိုးဆေး ၁၀ သန်းနှင့် Oxford-AstraZeneca ထိုးဆေး၂၁ သန်းကို မှာယူထားသည်။ COVAXIN ထိုးဆေး အနည်းဆုံး ၅.၅ သန်း ရရှိပြီးဖြစ်သည်ဟု အစိုးရကပြောကြားထားသည်။ 

ကာကွယ်ဆေးထိုးမည့် နည်းဗျူဟာနှင့် ပတ်သက်၍ Maharashtra ပြည်နယ်အစိုးရ၏ အကြံပေးဒေါက်တာSubhash Salunkhe က ဒါတွေအားလုံးက COVAXINဆေးဟာ အဆင့် ၃ စမ်းသပ်မှုကိုမပြီးဆုံးသေးဘူးဆိုတာရယ်၊  လေ့လာစမ်းသပ်ဆဲဖြစ်တဲ့ ကာကွယ်ဆေးဖဖြစ်တယ်ဆိုတဲ့ ကနဦးဆွေးနွေးချက်တွေကြောင့်လို့ ပြောပါတယ်။ 

 “အဲဒီအရာတွေက လူတွေရဲ့စိတ်ထဲမှာ သံသယတွေဖြစ်စေပြီး လက်ခံမှုနည်းသွားတယ်။ ရရှိနိုင်မှုက ဒီအချိန်မှာစိုးရိမ်စရာမဟုတ်ပါဘူး”  

သို့သော် ဝင်ငွေနည်းပါးသည့် နိုင်ငံများနှင့်အလယ်အလတ်ဝင်ငွေရှိသည့် နိုင်ငံများအတွက် AstraZeneca ထိုးဆေးအများအပြားထုတ်လုပ်နေသည့် ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်သူ Serum Institute နှင့် နှိုင်းယှဉ်ပါက Bharat Biotech မှ COVAXIN ဆေးကိုအကန့်အသတ့်ဖြင့်သာ ထုတ်လုပ်နိုင်သည့်အတွက် COVAXIN ဆေးကိုသုံးစွဲမှုနည်းခြင်းဖြစ်ကြောင်း အိန္ဒိယ၏ကျန်းမာရေး ဝန်ကြီးဌာန အတွင်းရေးမှုး Rajesh Bhushan ကပြောကြားခဲ့ပါသည်။

ယခုလအစောပိုင်းက လူဦးရေ ၃၂ သန်းရှိပြီး အတိုက်အခံပါတီက အုပ်ချုပ်မှုရသော Chhattisgar ပြည်နယ်ကနောက်ဆုံးအဆင့်စမ်းသပ်မှုတွင် ဆေးစွမ်းပြမှုရှိမရှိကို သက်သေမပြနိုင်ပါက COVAXIN ကိုအသုံးပြုမည် မဟုတ်ဟု ဖယ်ဒရယ်အစိုးရအားပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly