ကိုဗစ်-၁၉ ကြောင့် ကမ္ဘာတစ်လွှား သေဆုံးသူ ၂ သန်းခွဲကျော် 

ကိုဗစ်-၁၉ ကြောင့် ကမ္ဘာတစ်လွှား သေဆုံးသူ ၂ သန်းခွဲကျော် 
Photo: EPA

၂၀၁၉ ဒီဇင်ဘာလကစပြီး ကပ်ဘေးဖြစ်ခဲ့ကစလို့ ကမ္ဘာတစ်လွှားမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဦးရေဟာ ၂ သန်းခွဲကျော်အထိ ရှိသွားပြီဖြစ်ကြောင်း ကြာသပတေးနေ့ ဂရင်းနစ်စံတော်ချိန် ၁၇၃၀ နာရီအထိ တရားဝင်စာရင်းဇယားဝွေကို အခြေခံပြီး အေအက်ဖ်ပီက စစ်တမ်းကောက်ယူခဲ့ပါတယ်။ 

စုစုပေါင်းအားဖြင့် သေဆုံးသူ ၂၅၀၀၁၇၂ ဦး ရှိပြီး ကူးစက်ဖြစ်ပွားသူနှုန်းကတော့ ၁၁၂၆၁၈၄၈၈ ဦး ရှိပါတယ်။ ဥရောပဟာ အဆိုးဆုံး ဒေသဖြစ်ပြီး သေဆုံးသူ ၈၄၂၈၉၄ ဦး ရှိကာ သူ့နောက်မှာ လက်တင်အမေရိကနဲ့ ကာရေဘီယံက သေဆုံးနှုန်း ၆၆၇၉၇၂ ဦးနဲ့ အမေရိကန်နဲ့ ကနေဒါတို့က ၅၂၈၀၃၉ ဦး သေဆုံးနှုန်း ရှိကြပါတယ်။ 

ခုလို ကမ္ဘာတစ်လွှား ကိုဗစ်-၁၉ ကြောင့် သေဆုံးနှုန်း ၂ သန်းခွဲကျော် ရှိနေချိန်မှာပဲ ဥရောပသမဂ္ဂက ကာကွယ်ဆေး ထိုးနှံပေးရေး လုပ်ငန်းစဉ်အပေါ် ယုံကြည်စိတ်ချမှု ရှိထားပါတယ်။ 

လုပ်ငန်းစဉ်က နှေးကွေးနေပေမယ့် အခု နွေအကုန်မှာ အရွယ်ရောက်ပြီးသူ ၇၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး ထိုးနှံပြီးသားဖြစ်ရမယ်လို့ အီးယူက ဆိုပါတယ်။ 

ခုလို ရည်မှန်းချက် ချမှတ် ပြောဆိုလာတာဟာ Pfizer ထုတ် ကာကွယ်ဆေးက ထိရောက်မှု ၉၄ ရာခိုင်နှုန်း ရှိကြောင်း သုတေသနသစ်တစ်ရပ်က ပြသတာကြောင့် ကပ်ဘေးအဆုံးသတ်စေမယ့် လူအများအပြား ကိုရိုနာဗိုင်းရပ်စ်ကို ခုခံနိုင်စွမ်း ရှိလာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေကြောင့်လည်း ဖြစ်ပါတယ်။ 

တစ်ချိန်တည်းမှာပဲ အစိုးရတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ နောက်ဆုံးတွဲ ရေရှည်အကျိုးဆက်တွေကို ပိုပြီး နားလည်သိရှိအောင် လုပ်ဆောင်ထားရမှာ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တိုက်တွန်းပါတယ်။ 

အီးယူရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးရေးအစီအစဉ်အပေါ် ဦးတည်တဲ့ ဗီဒီယိုထိပ်သီအစည်းအဝေးအပြီးမှာ ဥရောပကော်မရှင် အကြီးအကဲ အောဆူလာဗွန်ဒါလီယန်က အခု နွေရာသီအကုန်မှာ အရွယ်ရောက်ပြီးသူရဲ့ လေးပုံတစ်ပုံ ကာကွယ်ဆေး ထိုးနှံပေးပြီးသားဖြစ်မယ်ဆိုတဲ့ ပန်းတိုင်အပေါ် ယုံကြည်စိတ်ချမှု ရှိကြောင်း ပြောဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly