နယူးယောက်မြို့ Daniel Prude ဆန္ဒပြပွဲအတွင်း လူပေါင်းများစွာ ဖမ်းဆီးခံရ

By New York Post
26 February 2021
နယူးယောက်မြို့ Daniel Prude ဆန္ဒပြပွဲအတွင်း လူပေါင်းများစွာ ဖမ်းဆီးခံရ

Daniel Prude သေဆုံးမှုနှင့် ပတ်သက်ပြီး နယူးယောက်မြောက်ပိုင်းမှ ရဲများကို တရားစွဲဆိုမှုမပြုလုပ်ဟူသော ဆုံးဖြတ်ချက်နောက်ပိုင်းတွင် Brooklyn တွင် ဗုဒ္ဓဟူးနေ့ညက ဆန္ဒပြပွဲများဆင်နွှဲရာ လူပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရကြောင်း ရဲနှင့် မျက်မြင်သက်သေများက ပြောကြားသည်ဟု နယူးယောက်ပို့စ်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ည ၇ နာရီခန့်တွင် Williamsburg ရှိ McCarren Park ကို ဖြတ်သန်းပြီး လူပေါင်းများစွာ ချီတက်ဆန္ဒပြခဲ့ရာ ရဲ ၃၀ဝ ခန့် အင်အားဖြင့် ချက်ချင်းတုန့်ပြန်ခဲ့သည်။

အနည်းဆုံးလူ ၉ ဦး ဖမ်းဆီးခံခဲ့ရကြောင်း မျက်မြင်သက်သေများက The Post သို့ပြောကြားသည်။ ဖမ်းဆီးမှုအချို့ပြုလုပ်ခဲ့ကြောင်း ရဲကလည်း အတည်ပြုပြောကြားပါသည်။

Williamsburg တံတားအနီးရှိ (၄) လမ်းတောင်ဘက်နှင့် Driggs ရိပ်သာလမ်းတို့တွင် ဆန္ဒပြသူအများအပြားက လမ်းသွားလမ်းလာများကို စတင်တိုက်ခိုက်ခဲ့ကြပြီး၊ တက္ကစီတစ်စီးကို မှုတ်ဆေးများဖြင့် ဖြန်းခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

Citizen App ပေါ်ရှိဗီဒီယိုများတွင် ကြီးမားလှသည့်လူအုပ်ကြီးများကိုပြသထားပြီး၊ ရဲရဟတ်ယာဉ်တစ်စင်းပျံဝဲလျက်ရှိသည်ကိုလည်း အသံကြားနေရသည်။

Daniel Prude သေဆုံးမှုနှင့်ပတ်သက်ခဲ့သည့် ရိုချက်စတာရဲအရာရှိများကို တရားစွဲဆိုမှုမပြုလုပ်ရန် ခုံသမာဓိအဖွဲ့ကဆုံးဖြတ်လိုက်ပြီးနောက်တစ်ရက်တွင် ဆန္ဒပြပွဲပေါ်ပေါက်လာခြင်းဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly