တရုတ်နိုင်ငံခြားစွမ်းအင်ကဏ္ဍဆိုင်ရာ ဘဏ္ဍာရေး အခြေအနေ ကျဆင်းသွားခဲ့

တရုတ်နိုင်ငံခြားစွမ်းအင်ကဏ္ဍဆိုင်ရာ ဘဏ္ဍာရေး အခြေအနေ ကျဆင်းသွားခဲ့

ပြီးခဲ့သည့်နှစ် ၂၀၀၈ ခုနှစ်မှစ၍ တရုတ်နိုင်ငံခြားစွမ်းအင်ကဏ္ဍဆိုင်ရာဘဏ္ဍာရေးသည် အာဖရိကနိုင်ငံများမှ စီမံကိန်းများအပေါ်တွင် များစွာ မှီခိုအားထားနေရသော တရုတ်ပိုးလမ်းမစီမံကိန်း ရည်မှန်းချက်များနှင့်အတူ အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားသည်။

ဘော်စတွန်တက္ကသိုလ်၏ ကမ္ဘာလုံးဆိုင်ရာစွမ်းအင်ဘဏ္ဍာရေး ဒေတာဘေ့စ်မှ အချက်အလက်များအရ တရုတ်နိုင်ငံ၏ နိုင်ငံခြားစွမ်းအင်ချေးငွေ ဒေါ်လာ ၄.၆ ဘီလီယံ ၏ထက်ဝက်ကျော်သည် ၂၀၂၀ ပြည့်နှစ်တွင် အာဖရိကရှိ စီမံကိန်းများသို့ ရောက်ရှိသွားသည်။ တရုတ်နိုင်ငံ၏ policy bank များသည် နိုင်ဂျီးရီးယားရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ရန်ပုံငွေဒေါ်လာ ၃ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံခဲ့ပြီး လီဆိုသို၊ ရဝမ်ဒါနှင့် အိုင်ဗရီကို့စ်တို့ရှိ ကျန်အသေးစား စီမံကိန်းများကိုလည်း ရန်ပုံငွေ ထောက်ပံ့ပေးခဲ့သည်။

ယေဘုယျအားဖြင့် နိုင်ငံခြား စွမ်းအင်ကဏ္ဍ ဘဏ္ဍာရေးသည် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၄၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ တရုတ်သည် ဘင်္ဂလားဒေ့ရှ်၊ ဆားဘီးယားနှင့် ပါကစ္စတန်နိုင်ငံများရှိ စီမံကိန်းများကိုလည်း ငွေထုတ်ချေးခဲ့သည်။

၂၀၁၃ ခုနှစ်မှစတင်ပြီး နိုင်ငံဒါဇင်ပေါင်းများစွာတွင် အခြေခံအဆောက်အအုံများ တည်ဆောက်ရန်ဆိုသည့် တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးဖြစ်သော တရုတ်ပိုးလမ်းမစီမံကိန်းသည် ကိုဗစ်ကပ်ရောဂါ၏ အကျိုးသက်ရောက်မှုကြောင့် ကြိုတင်မျှော်လင့်ထားခဲ့သကဲ့သို့ ဖြစ်မလာသည့်အတွက် လုပ်ငန်းဆောင်ရွက်မှုများသည် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။

တရုတ်အစိုးရ ကျောထောက်နောက်ခံပြု စီးပွားဖြစ်ငွေချေးသူများနှင့် တရုတ်ပြည်တွင်းနှင့် ပြင်ပရှိ တရားဝင်စီမံကိန်းများအတွက် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်သည့် တရုတ်နိုင်ငံ၏ policy bank များမှ ငွေချေးယူခြင်းသည် ပြီးခဲ့သည့်နှစ်က သိသိသာသာကျဆင်းခဲ့သည်။

ဘေဂျင်းရှိ Plenum မှ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ Chen Long က “ဒီအဖြစ်အပျက်ဟာ သိပ်မကြာသေးမီက ပြောင်းလဲသွားပြီလို့ ကျွန်တော်ထင်တယ်"ဟု ပြောကြားခဲ့သည်။ “ကျနော်တို့မှာ ငွေကြေးစီးဆင်းမှုအများကြီးရှိတာ မဟုတ်ပါဘူး။ ပြီးတော့ နေရာတော်တော်များများက တရုတ်ရဲ့ ငွေကြေးကို မလိုချင်ကြဘူး”ဟု ပြောခဲ့ပြီး ထိုသို့ ဖြစ်နေသော်လည်း သူက အာဖရိကရှိနိုင်ငံများကတော့ အခြားစျေးကွက်များထက် ပို၍ လက်ခံမှုရှိကြောင်း အကြံပြုထားခဲ့သည်။

တရုတ်သမ္မတ Xi Jinping က စွမ်းအင်ထောက်ပံ့မှုသည် "ရာစုနှစ်၏စီမံကိန်း"ကဲ့သို့ BRI ၏ အကြီးဆုံးအစိတ်အပိုင်းတစ်ခုအဖြစ် အမြဲတမ်းယုံကြည်ထားခဲ့သည်။ ကမ္ဘာတဝှမ်း၊ အဓိကအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အခြေခံအဆောက်အအုံများဆောက်လုပ်ရန်အတွက် ဒေါ်လာ ၁ ထရီလီယံခန့် သုံးစွဲရန် တရုတ်က ကတိပြုခဲ့သည်။

သို့သော် လွန်ခဲ့သောနှစ်နှစ်အတွင်း BRI ကို တရုတ်ချေးငွေထုတ်ပေးမှု နှေးကွေးခဲ့သည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။ တိုင်းပြည်၏ အကြီးဆုံး ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဘဏ် နှစ်ခုဖြစ်သော တရုတ်ဖွံ့ဖြိုးရေးဘဏ်နှင့် တရုတ်ပို့ကုန်သွင်းကုန်ဘဏ်တို့သည် BRI စီမံကိန်းများသို့ ငွေထုတ်ချေးသည့် အရှိန်အဟုန်ကို လျော့ချပြီး ပြည်တွင်း၌ ပိုအရေအတွက်များသောစီမံကိန်းများကို ထောက်ပံ့ရန် တာဝန်ရှိလာခဲ့သည်။ ကိုဗစ် ကူးစက်ရောဂါဖြစ်ပွားနေစဉ်အတွင်း ၄င်းတို့သည် တရုတ်ပြည်မကြီးတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ချက်များတွင် ကူညီပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly