တရုတ် ဘတ်ဂျတ် လျှပ်စစ်ကား Telsa ထက် ရောင်းအားတက်

တရုတ် ဘတ်ဂျတ် လျှပ်စစ်ကား Telsa ထက် ရောင်းအားတက်

တရုတ်နိုင်ငံတွင် ဒေါ်လာ ၄၅၀၀ (ပေါင် ၃၂၀၀) ဖြင့် ရောင်းချနေသော ဘတ်ဂျတ်လျှပ်စစ်ကား (EV) သည် Tesla ၏ တန်ဖိုးမြင့်သော ဇိမ်ခံကားများထက် ပို၍ ရောင်းအားတက်နေပါသည်။

ထိုဘတ်ဂျတ်ကားသည် တရုတ်နိုင်ငံ၏ ထိပ်တန်းမော်တော်ကားထုတ်လုပ်သော နိုင်ငံပိုင် SAIC Motor(ကုမ္ပဏီ) အတွက် ကြီးမားသော ထိခိုက်မှုတစ်ခု ဖြစ်နေသည်။

Hong Guang Mini EV (လျှပ်စစ်ကား) ကို အမေရိကန်ကားကုမ္ပဏီကြီးဖြစ်သော General Motors (GM) နှင့် ဖက်စပ် ထုတ်လုပ်ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့်လတွင် တရုတ်နိုင်ငံရှိ ဘတ်ဂျတ်လျှပ်စစ်ကားများ၏ ရောင်းအားသည် Tesla ထက် နှစ်ဆခန့် မြင့်တက်ခဲ့သည်။ ယင်း Tesla ၏ကားများသည် ယခုလတွင် ဘေးကင်းလုံခြုံရေးကိစ္စနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာများဖြစ်နေခဲ့သည်။

ဒေါ်လာ ၄၅၀၀ တန်ဖိုးရှိ Hong Guang Mini သည် လူကြိုက်အများဆုံးမော်ဒယ်ဖြစ်သော်လည်း ဒေါ်လာ ၅၀၀၀ ကျော်တန် လေအေးပေးစက်ဖြင့် အဆင့်မြှင့်ထားသော မော်ဒယ်လ်တစ်မျိုးလည်း ရှိသည်။ ဒီကားတွေကို "လူထုရဲ့ပုံမှန်သွားလာရေးပစ္စည်း" အဖြစ်ရောင်းချလျက်ရှိသည်။

SAIC-GM-Wuling သည် ဒေသတွင်းတွင် Wuling ဟု လူသိများသည်။

ကားကျွမ်းကျင်သူများက Tesla သည် ၎င်း၏ ဘက်ထရီ၊ အကွာအဝေး၊ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ သိသိသာသာ အားနည်သော်လည်း ၎င်း၏သက်တောင့်သက်သာရှိမှုနှင့် ဈေးနှုန်း ချိုသာမှုကြောင့် တရုတ်နိုင်ငံ၏ အရောင်းရဆုံး "စွမ်းအင်သစ်" မော်တော်ယာဉ်များထဲမှ တစ်ခုဖြစ်လာသည်ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်ကစတင်မိတ်ဆက်ခဲ့ပြီး အခြေခံမော်ဒယ်သည် အမြင့်ဆုံးအမြန်နှုန်း တစ်နာရီလျှင် ၁၀၀ ကီလိုမီတာ နှုန်း (တစ်နာရီလျှင် ၆၂ မိုင်နှုန်း) ရှိပြီး လူလေးယောက် လိုက်ပါစီးနိုင်သည်။

“တရုတ်နိုင်ငံအစိုးရက ညစ်ညမ်းမှုလျှော့ချရေးနှင့် ပတ်သက်ပြီး အလေးအနက်ထားနေသလို လျှပ်စစ်ကားတွေ တီထွင်မှုဆန်းသစ်မှုကို ဆောင်ရွက်ခြင်းနှင့် မြှင့်တင်ခြင်းမှာလည်း ကမ္ဘာ့ဦးဆောင်သူ ဖြစ်လာနေတယ်” ဟု တရုတ်နိုင်ငံ၏ စျေးကွက်သုတေသနအဖွဲ့မှ မန်နေးဂျင်းဒါရိုက်တာ Shaun Rein က BBC သို့ ပြောကြားခဲ့သည်။

“Hong Guang Mini လိုမျိုး ဘတ်ဂျတ်EV (လျှပ်စစ်ကား)တွေကို အသုံးပြုရာကနေ NIO နဲ့ Tesla လိုမျိုး ပိုအဆင့်မြင့်တဲ့ ပုံစံမျိုးထိ လုပ်နိုင်အောင် ကျွန်တော်တို့တွေ စိတ်အားထက်သန်နေကြပါတယ်” ဟု သူက ပြောခဲ့သည်။

Hong Guang Mini EV (လျှပ်စစ်ကား)သည် ၂၀၂၀ ဒုတိယနှစ်ဝက်တွင် ရောင်းအား ၁၁၂၀၀၀ စီး ရောင်းချခဲ့ပြီး၊ ၎င်း၏ရှန်ဟိုင်းစက်ရုံတွင် ထုတ်လုပ်သော Tesla မော်ဒယ်နံပါတ် ၃ ၏ ဒုတိယနေရာတွင်ရှိသည်။

ယခုလအစောပိုင်းက တရုတ်နိုင်ငံ၏ စည်းကမ်းထိန်းသိမ်းရေး တာဝန်ရှိသူ ၅ ယောက်သည် Tesla အား ၎င်း၏စက်ရုံ၌ အရည်အသွေးနှင့် ဘေးကင်းရေးကိစ္စများနှင့် ပတ်သက်၍ ဆင့်ခေါ်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုပြီးလျှင် တရုတ်နိုင်ငံသည် Tesla ၏ အကြီးဆုံးဈေးကွက်ဖြစ်သည်။

ဇန်နဝါရီလတွင် Hong Guang Mini ရောင်းအားသည် Tesla ထက် နှစ်ဆနီးပါး ပိုများခဲ့သည်။ ယခုအခါ ၎င်းသည်Tesla ၏ Model 3 ပြီးသည့်နောက် ကမ္ဘာပေါ်တွင် ဒုတိယအရောင်းရဆုံး လျှပ်စစ်ကား မော်ဒယ်ဖြစ်သည်ဟု ယုံကြည်ရသည်။

China Passenger Car Association (CPCA) အရ လျှပ်စစ်ကား EV သည် ဇန်နဝါရီလတွင် တရုတ်နိုင်ငံ၌ ၂၅,၇၇၈ စင်းကို ရောင်းချခဲ့သည်။ Tesla Model 3 သည် ၁၃၈၄၃ စင်းသာ ရောင်းချနိုင်ခဲ့ခြင်းနှင့် နှိုင်းယှဉ်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required