တူနီးရှားသမ္မတ ကိုယ်ရံတော်တပ်ဖွဲ့ကား ဖောက်ခွဲခံရ

တူနီးရှားသမ္မတ ကိုယ်ရံတော်တပ်ဖွဲ့ကား ဖောက်ခွဲခံရ

တူနီးရှားနိုင်ငံမြို့တော် တူးနစ်တွင် သမ္မတကိုယ်ရံတော်တပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ဘတ်စ်ကား ပေါက်ကွဲမှုဖြစ်၍ လူ ၁၂ ဦးသေဆုံးခဲ့သည်။

သမ္မတ ဘီဂျီစစ်အီဆက်င်္စက အရေးပေါ်အခြေအနေ ရက် ၃၀ ကြေညာကာ မြို့တော်အတွင်း ကာဗျူးမိန့်ထုတ်ထားသည်။

ယခုဖောက်ခွဲတိုက်ခိုက်မှုကို လုပ်ဆောင်ကြောင်း မည်သည့်အဖွဲ့ကမှ ကြေညာခြင်းမရှိပေ။

တူနီးရှားနိုင်ငံသည်လည်း အိုင်အက်စ်တို့၏ ပစ်မှတ်ထားတိုက်ခိုက်ခံနေရပြီး ဇွန်လအတွင်းက ဆော့စီကမ်းခြေတွင် သေနတ်သမားတစ်ဦး ပစ်ခတ်မှုကြောင့် လူပေါင်း ၃၈ ဦးသေဆုံးခဲ့သည်။

မြောက်အာဖရိကနိုင်ငံဖြစ်သည့် တူနီးရှားနိုင်ငံသည် ဂျီဟတ်ဝါဒီများ အများဆုံး ထွက်ရာအဖြစ် သတ်မှတ်ထားပြီး အီရတ်နှင့် ဆီးရီးယားတွင် အိုင်အက်စ်တို့အတွက် တိုက်ခိုက်ပေးနေသည့် တူနီးရှားနိုင်ငံသားပေါင်း အနည်းဆုံး ၃၀၀၀ ရှိကြောင်း အာဏာပိုင်များက ပြောသည်။

ယခုသမ္မတကိုယ်ရံတော်တပ်ဖွဲ့ကား ပေါက်ကွဲမှုသည် ဖြုတ်ချခံရသည့် သမ္မတ ဘန်အလီပါတီရုံးချုပ်နားအနီး ကားရပ်ထားကာ တပ်ဖွဲ့ဝင်များ ဆင်းနေစဉ် ပေါက်ကွဲခြင်းဖြစ်သည်။

မိုးသည်းထန်စွာရွာပြီး ရေကြီးမှုဖြစ်နေ၍ ကားလမ်းပိတ်ဆို့နေစဉ် ပေါက်ကွဲခြင်းလည်းဖြစ်သည်။

ပေါက်ကွဲရသည့် အကြောင်းရင်း သေချာမသိရသေးသော်လည်း ဗုံးခွဲသမားတစ်ဦးက တပ်ဆင်ဖောက်ခွဲခြင်းဖြစ်နိုင်သည်ဟု သတင်းရင်းမြစ်တစ်ရပ်က ရိုက်တာသတင်းသို့ ပြောခဲ့သည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly