အိုင်အက်စ်ကို တိုက်ခိုက်ရန် တပ်ဖွဲ့များ စေလွှတ်ရန် မရှိဟု သြစတြေးလျက ဝန်ကြီးချုပ်ပြော

အိုင်အက်စ်ကို တိုက်ခိုက်ရန် တပ်ဖွဲ့များ စေလွှတ်ရန် မရှိဟု သြစတြေးလျက ဝန်ကြီးချုပ်ပြော

အိုင်အက်စ်က အားနည်းတဲ့ အဖွဲ့ဖြစ်ပြီး သြစတြေးလျအနေဖြင့် အိုင်အက်စ်တို့အား တိုက်ခိုက်ရန် တပ်ဖွဲ့များ စေလွှတ်ဖို့ အစီအစဉ်မရှိကြောင်း ဝန်ကြီးချုပ် မယ်ကွန်းတန်ဘဲလ်က ပြောသည်။

တန်ဘဲလ်က ပါရီတွင် အိုင်အက်စ်တို့ တိုက်ခိုက်မှုများ ကျုးလွန်ပြီးနောက် ယင်းသို့ ပြောကြားလာခြင်းဖြစ်သည်။

၎င်း၏ မှတ်ချက်စကားသည် ယခင်ဝန်ကြီးချုပ်ဟောင်း တိုနီအဘော့က အိုင်အက်စ်တို့အား သေမင်းတမန်အန္တရာယ်အဖြစ် ပြောဆိုခဲ့သည့် မှတ်ချက်စကားဖြင့် ယှဉ်ကြည့်နိုင်သည်။

လက်ရှိတွင် သာမန်အမတ်ဖြစ်နေသည့် တိုနီအဘော့က ပါရီတိုက်ခိုက်မှုများဖြစ်ပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းသို့ တိုက်ခိုက်ရေးတပ်ဖွဲ့များ စေလွှတ်ရန် သြစတြေးလျကို တိုက်တွန်းခဲ့သည်။

သြစတြေးလျသည် အီရတ်နှင့် ဆီးရီးယားတွင် အမေရိကန်ဦးဆောင်သည့် ဗုံးခွဲတိုက်ခိုက်မှုများ၌ ပါဝင်သည်။

အောက်လွှတ်တော်တွင် တန်းဘဲလ်က ပြောရာ၌ အိုင်အက်စ်အဖွဲ့က ၎င်း၏ ဝါဒဖြန့်ကွန်ရက်အပေါ်မှာ အားပြုထားသည့် အဖွဲ့သာဖြစ်ကြောင်း၊ ကျွန်တော်တို့အနေဖြင့် ၎င်းတို့ ဟိတ်လုံးဟန်လုံးများအပေါ်မှာ နေမထိ ထိုင်မသာ ဖြစ်နေရမှာ မဟုတ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

သို့သော် အီရတ်နှင့် ဆီးရီးယားတို့တွင် နယ်မြေများစွာ သိမ်းပိုက်ထားသည့် အိုင်အက်စ်ကို အပြတ်ချေမှုန်းရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

"ခေတ်နောက်ပြန်ဆွဲ အယူအဆတွေပါ။ ဒါပေမယ့် အင်တာနက်သုံးတာကတော့ တော်တော်ကျယ်ပြန့်တယ်။ အိုင်အက်စ်တွေက သေနတ်ထက် စမတ်ဖုန်းတွေ ပိုပိုင်တာပါ။ တိုက်ပွဲဝင်တိုက်ခိုက်ရေးသမားထက် တွစ်တာအကောင့်တွေက ပိုများနေတာပါ။"ဟု ၎င်းက ပြောခဲ့သည်။

တန်းဘဲလ်၏ မှတ်ချက်ပြုစကားသည် သြစတြေးလျလွှတ်တော်သို့ အမျိုးသားလုံခြုံရေးဖော်ပြချက်၏ အပိုင်းတစ်ပိုင်းဖြစ်သည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly