မြန်မာအတွက် အကူအညီ စီမံကိန်းသစ်များကို ရပ်ဆိုင်းထားရေး ဂျပန် စဉ်းစားနေ

မြန်မာအတွက် အကူအညီ စီမံကိန်းသစ်များကို ရပ်ဆိုင်းထားရေး ဂျပန် စဉ်းစားနေ

ဖေဖေါ်၀ါရီ ၂၅

ယခုလအစောပိုင်း စစ်တပ်အာဏာသိမ်းမှုအပေါ် တုံ့ပြန်သောအားဖြင့် မြန်မာနိုင်ငံတွင် အကူအညီ စီမံကိန်းသစ်များကို လက်တလောအချိန်တွင် ရပ်ဆိုင်းထားရန် ဂျပန် အစိုးရဘက်က စဉ်းစားနေကြောင်း အစိုးရသတင်းရင်းမြစ်များက ဖေဖေါ်၀ါရီ ၂၅ ရက်တွင် ပြောသည်။

အရှေ့တောင်အာရှ မြန်မာနိုင်ငံအတွက် အဓိက အလှူရှင်နိုင်ငံဖြစ်သည့် ဂျပန်သည် အခြားသော ဂျီ-၇ အဖွဲ့၀င်နိုင်ငံများနှင့် အတူ ပူးပေါင်းလျက် မြန်မာနိုင်ငံ၌ အာဏာသိမ်းမှုနှင့် ငြိမ်းချမ်းစွာရှိသော ဆန္ဒပြမှုများအပေါ် လုံခြုံရေးတပ်ဖွဲ့များ၏ အကြမ်းဖက်ဖြိုခွင်းမှုတို့အပေါ် ရှုတ်ချထားခဲ့သည်။

လူလူချင်းစာနာမှု ရှုထောင့်အရ ဂျပန်အနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ တိုက်ဖျက်ရန် ကဲ့သို့သော ကိစ္စများအတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများကနေတဆင့် ကမ်းလှမ်းပေးသော အရေးပေါ် အကူအညီများကို ဆက်လက်ပေးအပ်ရန် စီစဉ်ထားကြောင်း သတင်းရင်းမြစ်များက ပြောသည်။

မြန်မာစစ်တပ်နှင့်အကြား ယင်း၏ တစ်မူထူးခြားသော ကာလကြာ ဆက်ဆံမှုအရ ဂျပန်သည် သမ္မတ ဂျိုးဘိုင်ဒင် ဦးဆောင်သည့် အမေရိကန်အစိုးရက မြန်မာစစ်တပ်အကြီးအကဲများအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်သလိုမျိုးအတိုင်း လိုက်လံလုပ်ဆောင်ခြင်း မရှိဘဲ ရှိနေခဲ့သည်။

ယင်း၏ ဂျီ-၇ ပါတနာနိုင်ငံများနှင့်မတူဘဲ ဂျပန်နိုင်ငံသည် တပ်မတော်ဟု သိကြသည့် မြန်မာစစ်တပ်နှင့်သာမက လက်ရှိ ထိန်းသိမ်းခံထားရသည့် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနှင့်ရောပါ ဆက်သွယ်ဆက်ဆံမှုများကို ထိန်းသိမ်းထားခဲ့ကြောင်း ဂျပန် နိုင်ငံခြားရေး၀န်ကြီးဌာန အရာရှိများက ပြောသည်။

လက်ရှိအချိန်တွင် ဂျပန်သည် ထိန်းသိမ်းခံ အရပ်သားခေါင်းဆောင် ‌ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား ခေါင်းဆောင်များကို ပြန်လည်လွတ်မြောက်ရန်နှင့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရထံ မူလအတိုင်း အာဏာ အမြန်ဆုံးပြန်လွှဲရန် တိုက်တွန်းလျက် ရှိသည်ဟု တာ၀န်ရှိသူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly