Hirak လှုပ်ရှားမှု နှစ်နှစ်ပြည့်အထိမ်းအမှတ် ထောင်ပေါင်းများစွာသော အယ်လ်ဂျီးရီးယား တက်ကြွလှုပ်ရှားသူများ ချီတက်ဆန္ဒပြ

Hirak လှုပ်ရှားမှု နှစ်နှစ်ပြည့်အထိမ်းအမှတ် ထောင်ပေါင်းများစွာသော အယ်လ်ဂျီးရီးယား တက်ကြွလှုပ်ရှားသူများ ချီတက်ဆန္ဒပြ
Photo: EPA

အယ်လ်ဂျီးရီးယား (အေပီ)။             ။ အယ်လ်ဂျီးရီးယားဒီမိုကရေစီလှုပ်ရှားမှု ဒုတိယနှစ်ပတ်လည်အထိမ်းအမှတ်အနေဖြင့် ထောင်နှင့်ချီသော ဆန္ဒပြသူများသည် ဖေဖော်ဝါရီ ၂၃ရက်က အယ်လ်ဂျီးရီးယားမြို့တော်တွင် ချီတက်ဆန္ဒပြခဲ့စဉ် ဆန္ဒပြသူများချီတက်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့များက နောက်ဆုတ်ပေးခဲ့ကြကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Hirak လှုပ်ရှားမှု၏ဆန္ဒပြသူများသည် နှစ်ပေါင်းများစွာကြီးစိုးခဲ့သော သမ္မတ အက်ဒီလာဇစ်အား ၂၀၁၉ ခုနှစ်တွင်အာဏာမှ ဖြုတ်ချခဲ့ကြသည်။ ဆန္ဒပြသူအမြောက်အမြား ဖမ်းဆီးခံခဲ့ရသော်လည်း အပတ်စဉ် သောကြာနေ့တိုင်း ငြိမ်းချမ်းစွာဆန္ဒပြမှု ၅၃ ကြိမ် ပြသပြီးနောက် လွန်ခဲ့တဲ့သည့်တစ်နှစ်က ကိုဗစ်ရောဂါကြောင့် ဆန္ဒပြသူများ လမ်းပေါ်ထွက်မှုရပ်ဆိုင်းခဲ့ကြသည်။

ဆန္ဒပြသူအများအပြား ထောင်ကျနေဆဲဖြစ်သော်လည်း၊ သမ္မတအက်ဒယ်မာဂျစ်က ပြဿနာများ ပြေငြိမ်းစေရန်အတွက် ထောင်ဒဏ်ကျခံနေရသော ဆန္ဒပြသူ ၃၀ ကျော်အားလွှတ်ပေးပြီး ရက်အနည်းငယ်အကြာတွင် ဆန္ဒပြသူများ ပြန်လည်ပေါ်ထွက်လာခဲ့သည်။ ဟီရတ်လှုပ်ရှားသူများ၏တောင်းဆိုချက်များအနက်မှ အချက်တစ်ချက်ဖြစ်သည့် ရွေးကောက်ပွဲအသစ်ပြုလုပ်ရေးအတွက် ပါလီမန်ဖျက်သိမ်းရေးကို သမ္မတက ဆောင်ရွက်ပေးခဲ့သည်။

Hirak ၏ ဒုတိယမြောက်နှစ်ပတ်လည်နေ့က ချစ်ကြည်ရေးအထိမ်းအမှတ်အနေဖြင့် အစိုးရပြောရေးဆိုခွင့်ရှိသူ အေမာက မြောက်အာဖရိကနိုင်ငံ၏ တစ်ခုတည်းသော အရေးအပါဆုံးအင်အားဖြစ်သော “အယ်လ်ဂျီးရီးယားပြည်သူလူထုနှင့် စစ်တပ်၏ပေါင်းစည်းမှုအမှတ်အသားဖြစ်သည်”ဟု ပြောကြားခဲ့သည်။ ထိုကြေညာချက်သည် အပေါ်ယံဟန်ဆောင်ကြေညာချက်ဖြစ်မဖြစ်ကိုမူ ရှင်းရှင်းလင်းလင်းမသိရပေ။

“ပွဲကျင်းပဖို့လာတာ မဟုတ်ဘူး၊ ငါတို့ လွတ်မြောက်ဖို့” ဟူသော ကြွေးကြော်သံကိုလည်း ဆန္ဒပြသူများက ကြွေးကြော်ခဲ့ကြသည်။

Hirak တက်ကြွလှုပ်ရှားသူ နိုင်ငံရေးသိပ္ပံပညာရှင် နာဆာ ဒီဂျက်ဘီက လက်ရှိလူအများစုဝေးခြင်းထက် ပို၍ အရေးကြီးသည်မှာ ဆက်လက်တောင်းဆိုမှုများပြုလုပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့က တူညီတဲ့ပြဿနာတွေ၊ တူညီသော တောင်းဆိုမှုတွေနဲ့ ဒါတွေကို ခုထိ မဖြေရှင်းရသေးတာမျိုး ရင်ဆိုင်နေရပါတယ်။ ဒါကိုပဲ အယ်လ်ဂျီးရီးယားနိုင်ငံသားတွေက ပြောပြချင်တာပါ”ဟု သူက ပြောခဲ့သည်။

၁၉၆၂ ခုနှစ်တွင် ပြင်သစ်ထံမှ လွတ်လပ်ရေးရပြီးနောက် အယ်လ်ဂျီးရီးယားနိုင်ငံရေးကို စစ်တပ်ကသာလွှမ်းမိုးထားသည်။ သမ္မတ အက်ဒီလာဇစ်က သမ္မတသက်တမ်း အနှစ် ၂၀ တိုးလိုက္ရာ ပြည်သူများက ရဲရင့်စွာ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

မြို့တော် Algiers ၏ အရှေ့ဘက်ရှိ ကမ်းရိုးတန်းမြို့ Bejaia တွင် ဖေဖော်ဝါရီ ၂၁ ရက်နေ့က လူပေါင်းများစွာ ချီတက်ဆန္ဒပြပြီးနောက် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် မြို့ပေါင်းများစွာတွင် ဆန္ဒပြသူများချီတက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly