ဘရာဇီးက အိန္ဒိယမှ နောက်ထပ် ကိုဗစ်ကာကွယ်ဆေးများဝယ်ယူရန် စီစဉ်ထား

ဘရာဇီးက အိန္ဒိယမှ နောက်ထပ် ကိုဗစ်ကာကွယ်ဆေးများဝယ်ယူရန် စီစဉ်ထား
Photo: EPA

ဘရာဇီး၏ သိပ္ပံနှင့်နည်းပညာဝန်ကြီး မားကို့စ်ပွန်တီက မဟာဗျူဟာမိတ်ဖက် အိန္ဒိယနိုင်ငံမှ Covid-19 ကာကွယ်ဆေးများကို ထပ်မံဝယ်ယူလိုကြောင်းနှင့် အနာဂတ်ကပ်ရောဂါများအပါအဝင် ကျန်းမာရေးစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် သိပ္ပံပညာရှင်များနှင့် ပူးတွဲလုပ်ဆောင်သော အဖွဲ့တစ်ခုဖွဲ့စည်းရန်စိတ်အားထက်သန်ကြောင်းပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသို့ တစ်ပတ်ကြာခရီးစဉ် အစပိုင်းတွင် ပွန်တီက “အိန္ဒိယလိုပဲ ကျွန်တော်တို့က ကြီးမားတဲ့နိုင်ငံဖြစ်ပြီး လူဦးရေလဲ အတော်လေးများပါတယ်။ တစ်နိုင်ငံလုံးကို ကာကွယ်ဆေးထိုးချင်လို့ အိန္ဒိယကနေ နောက်ထပ်ကာကွယ်ဆေးတွေဝယ်ယူချင်တယ်”ဟု Economic Times ၏ အထူးသီးသန့် အင်တာဗျူးတစ္ခုတွင် ပြောကြားခဲ့သည်။

ယခုနှစ်အတွင်းအိန္ဒိယသို့ ပထမဆုံးအကြိမ်လာရောက်လည်ပတ်သည့်ဝန်ကြီးများအနက်မှတစ်ဦး ဖြစ်သူ ပွန်တီသည် အိန္ဒိယသိပ္ပံနှင့် နည်းပညာဝန်ကြီးအပြင် ဘင်္ဂလာရုတွင် ကျန်းမာရေးဝန်ကြီးနှင့် တွေ့ဆုံမည်ဖြစ်ကာ သိပ္ပံပညာရှင်များနှင့်လည်းတွေ့ဆုံမည်ဖြစ်သည်။ Sriharikota ဂြိုဟ်တုအခြေစိုက်စခန်းမှဘရာဇီးလ်ဂြိုဟ်တု Amazonia-1 လွှတ်တင်မှုအခမ်းအနားသို့လည်းတက်ရောက်မည်ဖြစ်သည်။

ဘရာဇီးလ်သည် AstraZeneca Covid-19 ရောဂါ ကာကွယ်ဆေးကို ဒုတိယအသုတ်အနေဖြင့် ဆေး ၂ သန်းကို အိန္ဒိယနိုင်ငံမှ ဖေဖော်ဝါရီ ၂၄ တွင် ရရှိခဲ့သည်။ ပထမအသုတ်ဆေး ၂ သန်းကိုလည်း ဇန်နဝါရီလအတွင်းပေးပို့ပြီးဖြစ်သည်။

“အိန္ဒိယက COVOD-19 ရောဂါကာကွယ်ဆေး၊ သွေးလွန်တုပ်ကွေးနဲ့ ဆင်တုပ်ကွေးလိုရောဂါ အတွက်လုပ်ဆောင်နေတဲ့ သိပ္ပံပညာရှင်တွေကို ဘရာဇီးလ်က သိပ္ပံပညာတွေနဲ့တွေ့ပေးချင်လို့ပါပဲ။ နှစ်ဖက်သဘောတူတဲ့အဖြေတွေလည်းရရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပွန်တီက ပြောပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly