အိန္ဒိယတွင် သေဆုံးမှုနှင့် COVID ကာကွယ်ဆေးထိုးခြင်းအကြား ဆက်စပ်မှုမရှိ

အိန္ဒိယတွင် သေဆုံးမှုနှင့် COVID ကာကွယ်ဆေးထိုးခြင်းအကြား ဆက်စပ်မှုမရှိ
Photo: EPA

နယူးဒေလီ။ ။ ကာကွယ်ဆေး၏ နောက်ဆက်တွဲ ဆိုးရွားသည့် ဘေးထွက်သက်ရောက်မှုကိုလေ့လာသည့် အမျိုးသားကော်မတီ (NAEFI) ၏ယခုအချိန်အထိ စုံစမ်းစစ်ဆေးမှုများတွင် သေဆုံးမှုနှင့် ကာကွယ်ဆေးထိုးခြင်းအကြား ဆက်စပ်မှု မတွေ့ရသေးပေ။

စုစုပေါင်းသေဆုံးမှု ၃၉ ခုတွင် NAEFI သည် ဖြစ်ရပ်ပေါင်း ၁၂ ခုကို ပြန်လည်သုံးသပ်ခဲ့ပြီးနောက် သေဆုံးမှုများသည်ကာကွယ်ဆေးနှင့်ဆက်နွှယ်မှုမရှိဘဲ“ မသက်ဆိုင်ကြောင်း” တွေ့ရှိခဲ့ရသည်။

“ကျွမ်းကျင်ပညာရှင်တွေက ကာကွယ်ဆေးထိုးခြင်းနဲ့ သေဆုံးသူတွေအကြား ဆက်နွယ်မှုမရှိတာကိုတွေ့ရပါတယ်’ ဟု အမည်မဖော်လိုသူ အစိုးရအရာရှိတစ်ဦးက ပြောကြားပါသည်။

NAEFI ကော်မတီ သည်ယခုသတင်းပတ်တွင် ထပ်မံတွေ့ဆုံဖွယ်ရှိသည်။

တာဝန်ရှိသူတစ်ဦးက ပြောကြားရာတွင် ယင်းကော်မတီက အကဲဖြတ်စစ်ဆေးမှုများပြုလုပ်ရာတွင် တခြားရောဂါအခံများရှိနေခြင်းကြောင့်ဟုဆိုသည်။ “ ရောဂါအခံအများစုက ပြင်းထန်တဲ့ သွေးတိုးရောဂါ၊ ဆီချိုရောဂါတွေပါ။ တစ်ယောက်ဆိုရင် နှလုံးရောဂါအခံရှိနေတာတွေ့ရပါတယ်။ ဒီသေဆုံးမှုတွေက ကာကွယ်ဆေးနဲ့ဆက်စပ်မှုမရှိဘူး”ဟုတာဝန်ရှိသူက ပြောသည်။

"COVID ကာကွယ်ဆေးထိုးပြီး ၁၁ ရက်အကြာမှာသေဆုံးသွားတဲ့ ရီရှိခက် နိုင်ငံလုံးဆိုင်ရာ ဆေးသိပ္ပံမှ MBBS ဆရာဝန်က ရှားရှားပါးပါး အာရုံကြောဆိုင်ရာ ရောဂါရှိခဲ့တာကြောင့်ပါ။ ကာကွယ်ဆေးကြောင့်မဟုတ်ဘဲ ဒီရောဂါကြောင့် သေဆုံးသွားတာဖြစ်ပါတယ်" ဟု ၎င်းကပြောကြားခဲ့သည်။

သိပ္ပံပညာရှင်များနှင့်ပြည်သူ့ကျန်းမာရေးကျွမ်းကျင်သူ နှစ်ဒါဇင်နီးပါးသည် ်အစောပိုင်းကပြည်ထောင်စုကျန်းမာ ရေးဝန်ကြီး ဗာဟန်နှင့် အိန္ဒိယမူးယစ်ဆေးဝါးထိန်းချုပ်ရေးဌာန (DCGI) မှ ဗီဂျီဆိုမာနီ ထံသို့ ယင်းသေဆုံးမှုများကို စုံစမ်းစစ်ဆေးပေးရန် စာရေးတောင်းဆိုခဲ့ကြသည်။

ကျွမ်းကျင်သူများသည်အပတ်တိုင်း တွေ့ဆုံ၍ သေဆုံးမှုများ၏ အကြောင်းရင်းကိုပြန်လည်သုံးသပ်ကြပါသည်။

ကာကွယ်ဆေး၏ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်သောစိုးရိမ်မှုများကိုစင်တာမှပယ်ချခဲ့ပြီး၊ သေဆုံးမှုနှင့် ကာကွယ်ဆေးကြား ပတ်သက်မှုကြား အထောက်အထား မရှိကြောင်း ဆိုပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly