မြန်မာနိုင်ငံမှ ခိုလှုံခွင့်တောင်းခံသူများကို ယာယီနေထိုင်ခွင့် ထုတ်ပေးခဲ့သော်လည်း နောက်ဆုံးတွင် မြန်မာသို့ ပြန်ပို့

မြန်မာနိုင်ငံမှ ခိုလှုံခွင့်တောင်းခံသူများကို ယာယီနေထိုင်ခွင့် ထုတ်ပေးခဲ့သော်လည်း နောက်ဆုံးတွင် မြန်မာသို့ ပြန်ပို့
Photo: AFP

မလေးရှား တရားရုံးတစ်ရုံးသည် မြန်မာနိုင်ငံသား ၁၂၀ဝ အား ယာယီနေထိုင်ခွင့် ထုတ်ပေးခဲ့ကာ ၄င်းတို့အား နေရပ်ပြန်ပို့ရေး အစီအစဉ်ကို ယာယီ ရပ်ဆိုင်းခဲ့သော်လည်း နောက်ဆုံးတွင် မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ဆုံးဖြတ်ခဲ့သည်။

အသက်အန္တရာယ်ရှိနိုင်သဖြင့် ၎င်းတို့ကို နေရပ်ပြန်လည်ပို့ဆောင်မှု ရပ်ဆိုင်းရေးအတွက် လူအခွင့်အရေးအုပ်စုများက တရားရေးဆိုင်ရာ တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့သည်။ ထိုသို့ မတောင်းဆိုမီက မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံမှ ခိုလှုံခွင့်တောင်းခံသူများနှင့် အခြားထိန်းသိမ်းထားသူများကို ဆန္ဒပြမှုများ ဖြစ်ပွားနေသည့်မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် သင်္ဘောများစောင့်ဆိုင်းနေသည့် ဆိပ်ကမ်းသို့ ပို့ဆောင်မှုများ စတင်ပြုလုပ်ခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာကိုသိမ်းယူခဲ့သောမြန်မာစစ်တပ်မှ ရေတပ်သင်္ဘောသုံးစီးဖြင့် ထိန်းသိမ်းခံထားရသူ ၁၂၀ဝ ကို အင်္ဂါနေ့မွန်းလွဲပိုင်းတွင် ပြန်လည်ခေါ်ယူရန်စီစဉ်ခဲ့ကြသည်။ မြန်မာနို်ငငံတွင် အာဏာသိမ်းမှုကြောင့် ဒီမိုကရေစီလိုလားသူများက ဆန္ဒပြမှုများပြုနေသည်မှာ သတင်းပတ်နှင့်ချီနေပြီဖြစ်သည်။

ပဋိက္ခများနှင့် ညှင်းပမ်းနှိပ်စက်မှုများမှ ထွက်ပြေးလာသည့် လူနည်းစုတိုင်းရင်းသားများဖြစ်သောချင်း၊ ကချင်နှင့် ရိုဟင်ဂျာမဟုတ်သည့် မွတ်စလင် များလည်း ပြန်လည်ပို့ဆောင်မည့်လူများတွင် ပါဝင်ကြောင်း ဒုက္ခသည်အုပ်စုများက ပြောကြားပါသည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) တွင်မှတ်ပုံတင်ထားသည့် ရိုဟင်ဂျာမူဆလင်များနှင့် ဒုက္ခသည်များအားပြန်ပို့မည် မဟုတ်ဟု မလေးရှားကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly