အမေဇုံ၏ အိန္ဒိယအမှုဆောင်အရာရှိချုပ်အား နိုင်ငံရေးရုပ်သံဒရာမာနှင့် ပတ်သက်ပြီး ခေါ်ယူမေးမြန်း

အမေဇုံ၏ အိန္ဒိယအမှုဆောင်အရာရှိချုပ်အား နိုင်ငံရေးရုပ်သံဒရာမာနှင့် ပတ်သက်ပြီး ခေါ်ယူမေးမြန်း

လက်ခ်နောင်၊ အိန္ဒိယ (ရိုက်တာ) - အိန္ဒိယနိုင်ငံ မြောက်ပိုင်းရှိ Uttar Pradesh ပြည်နယ် ရဲတပ်ဖွဲ့သည် အမေဇုံကုမ္ပဏီ၏ ထိပ်တန်းအမှုဆောင်အရာရှိချုပ်အား၊ ဘာသာရေးစိတ်ဓာတ်များကို ထိခိုက်စေပြီး လူထု၏ဒေါသကို ဖြစ်စေသည်ဟု ယူဆနိုင်သည့် နိုင်ငံရေးအကြောင်းအရာကို ဖော်ပြထားသော ဗီဒီယိုတစ်ခုနှင့် ပတ်သက်သည့် စွပ်စွဲချက်များဖြင့် အင်္ဂါနေ့တွင် လေးနာရီကြာ မေးမြန်းခဲ့သည်။

Netflix နှင့် Amazon Prime ကဲ့သို့သော ရုပ်သံလွှင့်အစီအစဉ်များပေါ်တွင် အစီအစဉ်တင်ဆက် ပြသခြင်းနှင့် ပတ်သတ်၍၊ အိန္ဒိယနိုင်ငံတွင် ညစ်ညမ်းမှု (သို့မဟုတ်) စိတ်ထိခိုက်စေနိုင်မှု အကြောင်းပြချက်များဖြင့် တိုင်ကြားမှုများကို မကြာခဏကြုံတွေ့ရလေ့ရှိကာ၊ အမေဇုံရုပ်သံတွင် ထုတ်လွှင့်ပြသနေသော Tandav ပါဝင်သည့် လတ်တလော အငြင်းပွားဖွယ်ရာ အကြောင်းအရာများသည် အထင်ရှားဆုံးဖြစ်သည်။

ဘောလီးဝုဒ်မှ ထိပ်တန်းသရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထားသည့် နိုင်ငံရေးဒရာမာ "Tandav" သည် ဟိန္ဒူဘုရားများနှင့် နတ်ဘုရားမများကို ရုပ်ပျက်ဆင်းပျက်ပုံဖော်ထားခြင်း၊ ဘာသာရေး စိတ်ဓာတ်ကို ထိခိုက်စေခြင်း ဟူသော စွပ်စွဲမှုများနှင့် ပြည်နယ်အတော်များများရှိ ရဲဌာနများကို တိုင်ကြားမှုများနှင့် တရားစွဲဆိုခံရမှုများနှင့် ရင်ဆိုင်နေရသည်။

ဤဒရာမာသည် အိန္ဒိယဟိန္ဒူအမျိုးသားရေးပါတီမှ လွှတ်တော်အမတ်များ၏ ဝေဖန်မှုများကိုလည်း ရင်ဆိုင်နေရသည်။

Uttar Pradesh တွင် ရဲများက အမေဇုံ အိန္ဒိယ၏ Prime ရုပ်သံထုတ်လွှင့်မှု ဝန်ဆောင်မှုဆိုင်ရာ မူရင်းအစီအစဉ် ခေါင်းဆောင် Aparna Purohit ကိုလည်း အင်္ဂါနေ့က အလားတူ စွပ်စွဲချက်များနှင့် ပတ်သက်၍ မေးမြန်းခဲ့သည်။

အမေဇုံကုမ္ပဏီက မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ပြီး၊ Purohit ကလည်း ရဲစခန်းအပြင်ရှိ သတင်းထောက်များ၏ မေးခွန်းများကို မဖြေကြားခဲ့ပါ။

Purohit သည် တောင်းပန်စာတစ်စောင် ထုတ်ပြန်ခဲ့ကြောင်း နှင့် ဇန်နဝါရီတွင် ထုတ်လွှင့်ပြသခဲ့သည့်၊ အများပြည်သူ စိုးရိမ်နေသော ရုပ်သံ်ပြကွက်များအား ပြင်ဆင်တည်းဖြတ်ခဲ့ကြောင်း ရဲများကို ပြောခဲ့သည်ဟု ပြည်နယ်ရဲအရာရှိတစ်ဦးက ရိုက်တာကို ပြောခဲ့သည်။

ယင်း ဒရာမာစီးရီးအပေါ် ဆန့်ကျင် ကန့်ကွက်မှုများနှင့် Purohit အား ရဲများက စစ်ဆေးမေးမြန်းမှုများသည် လွတ်လပ်စွာ တင်ဆက်ဖော်ထုတ်ပြသနိုင်ခွင့်ရှိသည်ဟု အများက ယူဆထားသည့် အိန္ဒိယ၏ အားကောင်းသော ရုပ်ရှင်ထုတ်လုပ်မှုလုပ်ငန်းအကြား အကြီးအကျယ်စိုးရိမ်မှုများ ဖြစ်ပေါ်စေသည်။

ဘောလီးဝုဒ်မှ ရုပ်ရှင် ထုတ်လုပ်သူတစ်ဦးက ဒီလိုမျိုးကိစ္စရပ်တွေက ထိတ်လန့်ဖွယ်ရာဖြစ်သည်ဟု ပြောပြီး ရဲတပ်ဖွဲ့၏လုပ်ဆောင်ချက်များကို အင်္ဂါနေ့က ပြစ်တင်ဝေဖန်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly