အကြမ်းဖက်မှု လေ့ကျင့်သင်ကြားရေးကျောင်းများ ဖွင့်ထားသည့် ပါကစ္စတန်နိုင်ငံ၏ အခန်းကဏ္ဍအကြောင်း ဂျန်မူနှင့် ကက်ရှ်မီးယားသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသံတမန်များအား အိန္ဒိယ တပ်မတော်က ရှင်းလင်းတင်ပြခဲ့

အကြမ်းဖက်မှု လေ့ကျင့်သင်ကြားရေးကျောင်းများ ဖွင့်ထားသည့် ပါကစ္စတန်နိုင်ငံ၏ အခန်းကဏ္ဍအကြောင်း ဂျန်မူနှင့် ကက်ရှ်မီးယားသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသံတမန်များအား အိန္ဒိယ တပ်မတော်က ရှင်းလင်းတင်ပြခဲ့

ထိန်းချုပ်မျဉ်း (Line of Control ) အနီးပတ်ဝန်းကျင်တွင် အကြမ်းဖက်မှု လေ့ကျင့်သင်ကြားရေးကျောင်းများ ဖွင့်နေသည့် ပါကစ္စတန်တပ်မတော်၏ အခန်းကဏ္ဍအကြောင်းအား ဂျန်မူနှင့် ကက်ရှ်မီးယားသို့ လာရောက်လာပတ်သည့် နိုင်ငံပေါင်း ၂၄ နိုင်ငံမှ သံတမန်များသို့ အိန္ဒိယတပ်မတော်၏ အကြီးတန်းအရာရှိများက လွန်ခဲ့သော ကြာသပတေးနေ့က ရှင်းပြခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားလိုက်သည်။

အိန္ဒိယနိုင်ငံအတွင်းသို့ အကြမ်းဖက်သမားများ ထိုးဖောက်ဝင်ရောက်လာစေရန် အကူအညီပေးနေသည့် ပါကစ္စတန် တပ်မတော်၏ အခန်းကဏ္ဍ၊ ထိုးဖောက်ဝင်ရောက်မှု ပုံစံများနှင့် အကြမ်းဖက်သမားများအတွက် ဝေဟင်မှ လက်နက်များပစ်ချပေးရန် ဒရုန်းများအား ပါကစ္စတန်က အသုံးပြုမှုအကြောင်း ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၊ ဘရာဇီးနှင့် မလေးရှားနိုင်ငံတို့မှ သံတမန်များအား အကျဉ်းချုံးရှင်းပြပေးခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံအတွင်းသို့ အထူးသဖြင့် ဂျန်မူနှင့် ကက်ရှ်မီးယားအပိုင်းရှိ ဆမ်ဘာဒေသအတွင်းသို့ အကြမ်းဖက်သမားများ ဝင်ရောက်နိုင်ရန်အတွက် လိုဏ်ခေါင်းများ အသုံးပြုမှုအား အိန္ဒိယတပ်မတော်က အလေးပေးဖော်ပြခဲ့ပြီး လက်နက်များ၊ ပါကစ္စတန် တပ်မတော်၏ အမှတ်အသားများကို ဝတ်ဆင်မှုနှင့် စစ်သွေးကြွ အဖွဲ့အမျိုးမျိုးတွင်ပါဝင်သော အင်အားတို့နှင့်သက်ဆိုင်သည့် အသေးစိတ် ဆွေးနွေးတင်ပြမှုများကိုလည်း ပြုလုပ်ပေးခဲ့သည်။

အိန္ဒိယတပ်မတော်၏ အချိန်ပြည့် လုံခြုံရေး တင်းကြပ်ခြင်းနှင့် ထိုးဖောက်ဝင်ရောက်မှု တိုက်ဖျက်ရေး နည်းစနစ်များ ပြောင်းလဲမှုကြောင့် ထိန်းချုပ်မျဉ်း (LoC) မှတစ်ဆင့် အိန္ဒိယနိုင်ငံအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသော အကြမ်းဖက်သမား အရေအတွက် နည်းပါးသွားပြီးနောက် လိုဏ်ခေါင်းများကို အသုံးပြုခဲ့သည်ဟု အဆိုပါ အာဏာပိုင်များက ပြောကြားခဲ့သည်။

ကက်ရှ်မီးယား ဒေသအတွင်းရှိ အခြေအနေများနှင့်ပတ်သတ်၍၊ ထင်ရှားသော စားသောက်ဆိုင်ပိုင်ရှင်တစ်ဦး၏ သားဖြစ်သူအား ထိုမြို့၏ လုံခြုံရေးတင်းကြပ်သော နေရာတစ်ခုအတွင်းရှိ ၎င်းပိုင်စားသောက်ဆိုင်တွင် အကြမ်းဖက်သမားများက လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က ပစ်ခတ်မှုကြောင့် အပြင်းအထန်ဒဏ်ရာရခဲ့သည့် ဖြစ်ရပ်အား တပ်မတော် အာဏာပိုင်များက အလေးပေး ဖော်ပြခဲ့ကြသည်။

၎င်းသည် ကက်ရှ်မီးယားရှိ အစွန်းမရောက်သူများ၏ အသံ သို့မဟုတ် အကြမ်းဖက်သမားများက အတင်းအကြပ်ပေးအပ်သော အမိန့်ကို လိုက်နာရန် ငြင်းဆန်သူများ ငြိမ်သက်စေမည့် အကြမ်းဖက်သမားများ၏ အစီအစဉ်တစ်ခုဖြစ်သည်ဟုလည်း ၎င်းတို့က ပြောကြားခဲ့သည်။

လူမှုမီဒီယာများမှတစ်ဆင့် လူငယ်များကို ဝါဒမှိုင်းတိုက်ရန်အတွက် ပါကစ္စတန်က အင်တာနက် စစ်ပွဲဆင်နွှဲပုံအကြောင်း အသေးစိတ်အချက်အလက်များကိုလည်း အိန္ဒိယတပ်မတော်က ဖော်ပြခဲ့သည်။

တရားဥပဒေနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ပြဿနာများ၊ ခဲများဖြင့် ပစ်ပေါက်သော ဖြစ်ရပ်များ သိသိသာသာ လျော့နည်းသွားခဲ့သည်ဟုလည်း သံတမန်များသို့ အိန္ဒိယတပ်မတော် အာဏာပိုင်များက ရှင်းပြပြောကြားခဲ့သည်။

ထို့အတူ မကြာသေးမီက အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် ခရိုင်ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ (DDC) ရွေးကောက်ပွဲကာလအတွင်းမှ ၎င်းတို့၏ အတွေ့အကြုံများကိုလည်း မျှဝေပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required