စစ်ကောင်စီက ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးမြင့်သူကို နိုင်ငံခြားရေးသို့ ပြန်ခေါ်

စစ်ကောင်စီက ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးမြင့်သူကို နိုင်ငံခြားရေးသို့ ပြန်ခေါ်
Photo: EPA

ဂျီနီဗာမြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးမြင့်သူကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခန့်ထားလိုက်ကြောင်း ဝန်ကြီးဌာန သတင်းရပ်ကွက်များအရ သိရသည်။

ဦးမြင့်သူသည် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်စာတင်ခဲ့ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ပြောင်းရွှေ့သတင်းလည်း ထွက်လာခဲ့ခြင်းဖြစ်သည်။

 မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားမှုနှင့်ပတ်သက်၍ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကောင်စီက ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် အရေးပေါ်အစည်းအဝေးခေါ်ယူရာတွင် ဦးမြင့်သူက စစ်တပ်ဘက်က  ချေပပြောဆိုခဲ့သည်။

လစ်လပ်သွားသော ကုလကိုယ်စားလှယ်နေရာတွင် မည်သူ့ကိုခန့်အပ်မည်ကို လတ်တလော မသိရသေးပေ။

တစ်ချိန်တည်းမှာပင် အာဏာသိမ်းဗိုလ်ချုပ်ကြီးများက ဖယ်ရှားခဲ့သော ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းထားသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က မြန်မာနိုင်ငံ၏ ကုလသမဂ္ဂ အထူးသံတမန်အဖြစ် ဒေါက်တာဆာဆာကို ခန့်အပ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required