ဦးဝဏ္ဏမောင်လွင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေ

ဦးဝဏ္ဏမောင်လွင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေ
Photo: EPA

စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် အာဏာသိမ်းသည့် ကိစ္စနှင့်ပတ်သက်၍ သံရေးတမန်ရေးဆွေးနွေးရန်အတွက် ထိုင်းနိုင်ငံသို့ ရောက်ရှိနေကြောင်း ရိုက်တာသတင်းအရ သိရသည်။

စစ်အာဏာသိမ်းပြီးနောက် အဖြေရှာရေး အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် တွဲလုပ်ဖို့ကြိုးစားသည့် ဆွေးနွေးမှုများအတွက် ဦးဝဏ္ဏမောင်လွင်သည် ယနေ့ ဗုဒ္ဓဟူးနေ့က ရောက်လာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံသို့ ကြာသပတေးနေ့တွင် လာရောက်လည်ပတ်ရန်စီစဉ်ခဲ့သော အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီ၏ခရီးစဉ်ကို ဖျက်သိမ်းကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ကြေညာလိုက်သည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Teuku Faizasyah က မစ္စရတ်နိုအနေဖြင့် အာဆီယံ အဆင့် အဖြေရှာရေး လုပ်ဆောင်ဖို့ နေပြည်တော်ကို သွားဖို့အစီအစဉ်ကို လမ်းဖွင့်ထားပါကြောင်းနှင့် " ယခုအချိန်ကတော့ မြန်မာပြည်ကိုသွားလည်ဖို့ အချိန်ကောင်းမဟုတ်ပါ"ဟု ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly