နေပြည်တော်က ၂ ငါးလုံးလူထုလှုပ်ရှားမှုတွင် ဖမ်းဆီးခံရသူ ၁၈၀ကျော် ပြန်လွတ်

နေပြည်တော်က ၂ ငါးလုံးလူထုလှုပ်ရှားမှုတွင် ဖမ်းဆီးခံရသူ ၁၈၀ကျော် ပြန်လွတ်

နေပြည်တော်က ၂ ငါးလုံး အထွေထွေသပိတ်လူခုလှုပ်ရှားမှုမှ ဖမ်းဆီးခံရသူတွေထဲက ၁၈၀ ကျော်ကို ပြန်လည်လွှတ်ပေးလိုက်သည်ဟု ဖမ်းဆီးခံရသူတွေအတွက် ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်ပေးသူရှေ့နေတစ်ဦးကပြောသည်။

ဖေဖော်၂၃ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးခံရသူတွေကို ပြန်လည်လွတ်‌မြောက်ဖို့အတွက် နေပြည်တော်က ရှေ့နေတချို့က ရဲတပ်ဖွဲ့ထံသွားရောက်ညှိုနှိုင်းခဲ့သည်ဟုပြောသည်။

"ရှေ့နေအဖွဲ့တွေက သွားပြီးညှိုနှိုင်းတာမှာ ၁၈၀ကျော်လွှတ်ပေးတယ်။ ခြောက်ယောက်ကျန်တယ်"ဟု အဆိုပါရှေ့နေကပြောသည်။

အဆိုပါဆန္ဒပြပွဲတွင် အလွှာအသီးသီးမှ လူထု တစ်သိန်းကျောါပါဝင်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆန္ဒပြပွဲကို ဖြိုခွင်းပြီးနောက် လူငယ်အများစုပါဝင်သည့် ၁၉၀ကျော်ခန့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို နေပြည်တော်အခြေစိုက် ရဲတပ်ရင်း၂၀တွင် ဖမ်းဆီးထားခြင်းဖြစ်ပြီး ပြန်လည်လွတ်မြောက်လာသူ အမျိုးသမီး ၅၇ဦးနှင့်၊ အမျိုးသား၁၃၂ဦးဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly