တရားရုံးညွှန်ကြားချက်ကို မလိုက်နာဘဲ မလေးရှားက မြန်မာနိုင်ငံသား ၁,၀၀၀ ကျော်ကို နေရပ်ပြန့်ပို့

တရားရုံးညွှန်ကြားချက်ကို မလိုက်နာဘဲ မလေးရှားက မြန်မာနိုင်ငံသား ၁,၀၀၀ ကျော်ကို နေရပ်ပြန့်ပို့
Photo: AFP

ဖေဖေါ်၀ါရီ ၂၃

မလေးရှားအာဏာပိုင်တို့သည် ယနေ့ ဖေဖေါ်၀ါရီ ၂၃ ရက်၌ မြန်မာနိုင်ငံသား ၁,၀၀၀ ကျော်ကို မူလနေရပ် မိခင်နိုင်ငံသို့ ပြန်လည် ပို့ဆောင်လိုက်ကြောင်း တာ၀န်ရှိသူများက ပြောသည်။

အာဏာသိမ်းမှုဖြစ်ထားခဲ့သည့် မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းများ ပြန်လည်ပို့ဆောင်ရန် လုပ်ဆောင်သည့် မလေးရှား၏ အစီအစဉ်အပေါ် လူ့အခွင့်အရေးအဖွဲ့များက ‌အပြင်းအထန် ဝေဖန်ပြစ်တင်ခဲ့သလို ထို အငြင်းပွားအစီအစဉ်ကို ရပ်ဆိုင်းထားရန် တရားရုံး ညွှန်ကြားချက်တစ်ခုလည်း ထွက်ပေါ်ခဲ့သည်။

အစီအစဥ်ကို ယာယီဆိုင်းထားရန် ကွာလာလမ်ပူ တရားရုံးချူပ်၏ ညွှန်ကြားချက် ရှိခဲ့သော်လည်း ယခုအခါ မြန်မာနိုင်ငံသား ၁,၀၀၀ ကျော်ကို နေရပ်ပြန်ပို့လိုက်ပြီဖြစ်ကြောင်း မလေးရှားတာ၀န်ရှိသူများက ပြောသည်။

အာဏာပိုင်များအနေဖြင့် မြန်မာရေတပ် သင်္ဘောသုံးစင်းဖြင့် ရွှေ့ပြောင်း ၁,၀၈၆ ဦးကို ပြန်လည်ပို့‌ဆောင်ခဲ့ကြောင်း မလေးရှား လူ၀င်မှုကြီးကြပ်ရေး အကြီးအကဲ ခါအီရူလ် ဒီဇိုင်မီ ‌ဒေါ့ဒ်က ပြောသည်။

ထိုကဲ့သို့ နေရပ်ပြန်ပို့သူများထဲတွင် ရိုဟင်ဂျာ (မူရင်းဖော်ပြချက်) ရွှေ့ပြောင်းများ သို့မဟုတ် နိုင်‌ငံရေးခိုလှုံခွင့်တောင်းခံသူများ မပါ၀င်ကြောင်း ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly