UEC အသစ်နဲ့ ​​နိုင်ငံ​ရေးပါတီတို့ တွေ့ဆုံပွဲကို တက်​ရောက်မှာ မဟုတ်ဘူးလို့ NLD ​ပြော

UEC အသစ်နဲ့ ​​နိုင်ငံ​ရေးပါတီတို့ တွေ့ဆုံပွဲကို တက်​ရောက်မှာ မဟုတ်ဘူးလို့ NLD ​ပြော

စစ်အာဏာသိမ်း​ပြီး​နောက် အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ပြည်​ထောင်စု​ရွေး​​ကောက်ပွဲ​ကော်ရှင် (UEC) အသစ်နဲ့ နိုင်ငံ​ရေးပါတီ​တို့ တွေ့ဆုံပွဲကို အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ် (NLD) ပါတီအ​နေနဲ့ တက်​ရောက်မှာ မဟုတ်ဘူးလို့ NLD ပါတီဝင် ဦးစိုး​လေး ​ပြောပါတယ်။

"မတက်ပါဘူး။ ဘာ​ကြောင့်မတက်လဲဆိုရင် တက်ဖို့လူမှမရှိတာ" လို့ NLD ပါတီ ရန်ကုန်ရုံးချုပ်တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦး​စိုး​လေးက ​ပြောပါတယ်။

NLD ပါတီ ရန်ကုန်ရုံးချုပ်မှာ ဒီက​နေ့ ​နေ့လည်ပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ဦးစိုး​လေး အဲဒီလို ​ပြောကြားခဲ့တာ ဖြစ်ပါတယ်။

​ရွေး​ကောက်ပွဲ ​ကော်မရှင်အသစ်နဲ့ ​တွေ့ဆုံဖို့ ဖိတ်ကြားစာကို​တော့ NLD ပါတီက လက်ခံရရှိထားတယ်လို့ ​ပြောပါတယ်။

စစ်အာဏာသိမ်း​ပြီး​နောက် အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ပြည်​ထောင်စု​ရွေး​​ကောက်ပွဲ​ကော်ရှင် (UEC) အသစ်နဲ့ နိုင်ငံ​ရေးပါတီ​​တွေဟာ လာမယ့်​ဖေ​ဖော်ဝါရီလ ၂၆ ရက်​နေ့ ​နေပြည်​တော်မှာ ​တွေ့ဆုံဖို့ ရှိ​နေတာပါ။

ပြီးခဲ့တဲ့ ​ဖေ​ဖော်ဝါရီလ ၁ ရက်​နေ့ အာဏာသိမ်းပြီးတဲ့​နောက်ပိုင်း နိုင်ငံ​တော်သမ္မတ ဦးဝင်းမြင့်၊ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီထိပ်ပိုင်း​ခေါင်း​ဆောင်​တွေကို စစ်တပ်က လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းထားဆဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required