ရန်ကုန်ရုံးချုပ်ကို ဝင်စီးတဲ့ကိစ္စ အမှုဖွင့်ထား​ပေမယ့် စစ်ချက်လာမယူ​သေး​ကြောင်း NLD ​ပြော

ရန်ကုန်ရုံးချုပ်ကို ဝင်စီးတဲ့ကိစ္စ အမှုဖွင့်ထား​ပေမယ့် စစ်ချက်လာမယူ​သေး​ကြောင်း NLD ​ပြော

အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်ပါတီ ရန်ကုန်ရုံးချုပ်ကို စစ်တပ်နဲ့ ရဲက ဝင်​ရောက်စီးနင်းခဲ့တာကို အ​ရေးယူဖို့ ဗဟန်းရဲစခန်းမှာ အမှုဖွင့်ထား​ပေမယ့် ဒီက​​နေ့အချိန်ထိ သက်​သေခံပစ္စည်း​တွေကို လာ​ရောက်စစ်ချက်ယူတာ မရှိ​သေးဘူးလို့ NLD ပါတီဝင် ဦးစိုး​လေးက ​ပြောပါတယ်။

ရန်ကုန်ရုံးချုပ်မှာ ​ဖေ​ဖော်ဝါရီလ ၂၃ ရက်​နေ့ ​နေ့လည်ပိုင်း သတင်းစာရှင်းလင်းပွဲလုပ်ပြီး ရန်ကုန်ရုံးချုပ် တာဝန်ရှိသူ ဦးစိုး​လေးက သတင်း​ထောက်​တွေကို ​ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီက​နေ့ ရှင်းပွဲမှာ ဝင်​ရောက်စီးနင်းတုန်းက ဖျက်စီးခံလိုက်ရတဲ့ တံခါး​သော့​တွေနဲ့ သက်​သေခံပစ္စည်းတချို့ကိုလဲ သတင်း​ထောက်​တွေကို ပြခဲ့ပါတယ်။

NLD ပါတီ ရန်ကုန်ရုံးချုပ်ကို ​စစ်တပ်နဲ့ ရဲက ပြီးခဲ့တဲ့​ဖေ​ဖော်ဝါရီလ ၉ ရက်​နေ့ညမှာ ဝင်​ရောက်စီးနင်းခဲ့တာဖြစ်ပြီး ဗဟန်းမြို့မရဲစခန်းက ​(ပ/၃၂) နဲ့ ဖေ​ဖော်ဝါရီလ ၁၀ ရက်​နေ့မှာ အမှုကို လက်ခံခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly