ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်တစ်လအတွင်း (၂) ကြိမ်ဆင့်ခေါ်ခံရ

ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်တစ်လအတွင်း (၂) ကြိမ်ဆင့်ခေါ်ခံရ
Photo: London Myanmar Embassy

ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကျော်စွာမင်းကို ဗြိတိန်နိုင်ငံ၏ အာရှရေးရာဆိုင်ရာဝန်ကြီး Nigal Adams က ဆင့်ခေါ်ပြီး ဆန္ဒပြသူတွေကို မြန်မာမှာ အကြမ်းဖက်နှိမ်နှင်းတာတွေ ရပ်တန့်ရမည်ဟု ခေါ်ယူသတိပေးကြောင်း ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားထားသည်။

"ဆန္ဒပြသူတွေကို ပိုပြီးအင်အားသုံး အကြမ်းဖက်နှိမ်နင်းတာတွေဟာ  ပြစ်တင်ရှုတ်ချဖွယ်ရာအတိဖြစ်ပြီး ယင်းလုပ်ရပ်တွေကို ရပ်တန့်ရပါမယ်"ဟု UK နိုင်ငံခြားရေးရုံး၏ ဝက်ဆိုက်တွင် ဖော်ပြထားသည်။

တွေ့ဆုံစဉ်မှာ ယင်းအကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချကြောင်းထည့်သွင်းပြောဆိုခဲ့သည်။ ထို့အပြင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးထားသော အရပ်သားများကို ပြန်လွှတ်ပေးရန်လည်း ထပ်မံတိုက်တွန်းထားသည်။

လူ့အခွင့်ရေးချိုးဖောက်မှုများကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ပြီး၊ ရှိသမျှသံတမန်ရေးဆိုင်ရာနည်းလမ်းများကို အသုံးပြုသွားမည်ဖြစ်ပြီး၊ ဆန္ဒပြမှုကို အကြမ်းဖက်သည့် စစ်တပ်ကို တာဝန်ယူမှုရှိစေရေးအတွက်လည်း ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required