အကြမ်းဖက်ခဲ့သော စစ်အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုးမြှင့်အရေးယူမည်ဟု အမေရိကန်သတိပေး

အကြမ်းဖက်ခဲ့သော စစ်အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုးမြှင့်အရေးယူမည်ဟု အမေရိကန်သတိပေး

လူလေးဦး သေဆုံးပြီး ၄၀ ကျော်ဒဏ်ရာရှိအောင် အကြမ်းဖက်ခဲ့သောလုံခြုံရေးတပ်ဖွဲ့ဝင်များကို ကန့်ကွက်ရှုတ်ချပြီး တာဝန်ရှိသူများကို ထပ်မံတိုးမြှင့်အရေးယူရန် လက်တွန့်မည်မဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးန်ကြီးဌာနက ယနေ့ ဖေဖော်ဝါရီ ၂၃ တွင် ထုတ်ပြန်သည်။

ဆန္ဒပြပြည်သူများနှင့်အတူ အမေရိကန်ပြည်ထောင်စုက ခိုင်ခိုင်မာမာရပ်တည်ကြောင်း ထပ်လောင်းပြောကြားထားသည်။ ရာနှင့်ချီသော နိုငံရေးသမားများ၊ လူ့အခွင့်ရေးကာကွယ်စောင့်ရှောက်သူများနှင့် ဆန္ဒပြသူများစွာကို ဆက်လက်ဖမ်းဆီးနေသည်ကိုလည်း ရှုတ်ချကြောင်း  နိုင်ငံခြားရေးန်ကြီး ANTONY J. BLINKEN က ဆိုသည်။

လူထုကို အကြမ်းဖက်သည့်လုပ်ရပ်ကို အမေရိကန်အနေဖြင့် လုံး၀ လက်မခံကြောင်းနှင့် မဟာမိတ်များနှင့်အနီးကပ်လက်တွဲ ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီအဖွဲ့ဝင်နှစ်ဦးဖြစ်သော ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းတို့ကို ဒဏ်ခတ်အရေးယူခြင်းဖြင့် ထပ်မံတုန့်ပြန်ကြောင်း ရေးသားထားသည်။ ထုတ်ပြန်ချက်တွင် စစ်အရာရှိနှစ်ဦး၏ ရာထူးအခေါ်ကိုလည်း သုံးစွဲထားခြင်းမရှိပေ။ သမ္မတ ဂျိုးဘိုင်ဒင်၏ အထူးအမိန့် Executive order (E.O). 14014 အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်တပ်နှင့်ရဲများအနေဖြင့် ဆန္ဒပြပြည်သူများကို အကြမ်းဖက်မှုရပ်တန့်ရန်၊ မတရားဖမ်းဆီးထားသူများချက်ချင်းပြန်လွှတ်ရန်၊ သတင်းသမားများနှင့်တက်ကြွလှုပ်ရှားသူများကို ခြိမ်းခြောက်မှုရပ်တန့်ရန်၊ ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးချယ်ခံထားရသော အရပ်သားအစိုးရထံ အာဏာပြန်လွှဲပြောင်းပေးရန် တိုက်တွန်းထားသည်။

စစ်ခေါင်းဆောင်များနှင့် အကြမ်းဖက်လုပ်ရပ်များတွင် တာဝန်ရှိသူများကို တာဝန်ခံမှု တာဝန်ယူမှုရှိစေရေးအတွက် နိုင်ငံတကာမိတ်ဖက်များနှင် ပူးပေါင်းဆောင်ရက်မှုတစ်ရပ် ဆက်လက်ဆောင်ရွက်မည်ဟုလည်း ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly