တရုတ်ထောင်အတွင်း နှိပ်စက်ညှင်းပန်းမှုကြောင့် တိဘက် ဧည့်လမ်းညွှန် သေဆုံးမှုအပေါ် အမျက်ဒေါသထွက်

တရုတ်ထောင်အတွင်း နှိပ်စက်ညှင်းပန်းမှုကြောင့် တိဘက် ဧည့်လမ်းညွှန် သေဆုံးမှုအပေါ် အမျက်ဒေါသထွက်
Photo: EPA

တရုတ်ထောင်အတွင်း နှိပ်စက်ညှင်းပန်းခံခဲ့ရသော အသက် ၅၁ နှစ်အရွယ် တိဗက်ခရီးသွား ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ Kunchok Jinpa သည် ထောင်တွင်းဒဏ်ရာရမှုသည် ချုပ်နှောင်ထားမှုအတွင်း သေဆုံးမှုအပေါ် အကြီးအကျယ် ဒေါသထွက်စေခဲ့သည်။

တိဘက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစင်တာ (TCHRD) က တရုတ်နိုင်ငံတွင် ချုပ်နှောင်ခံထားရသူများ သေဆုံးမှု တိုးများလာခြင်းအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

 ၂၀၁၃ ခုနှစ်တွင် ချုပ်နှောင်ခံထားရသည့် အချိန်မှစ၍ Jinpa သည် မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို မသိရှိခဲ့ရပေ။ တရုတ်အာဏာပိုင်များက Kunchok Jinpa အား ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ဖမ်းဆီးခဲ့ပြီး မည်သည့်နေရာတွင် ရောက်ရှိနေကြောင်း သူ၏မိသားစုအား သတင်းမပေးခဲ့ကြောင်းနှင့် နောက်ပိုင်းတွင် ဒေသတွင်း သဘာဝပတ်ဝန်းကျင်နှင့် အခြားဆန္ဒပြမှုများအကြောင်း နိုင်ငံခြားမီဒီယာများသို့ နိုင်ငံတော် လျှို့ဝှက်ချက်များ ပေါက်ကြားစေမှုကြောင့် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သတင်းအချက်အလက် အသစ်များက ညွှန်ပြနေသည်။

 သူ၏ ၂၁ နှစ် ပြစ်ဒဏ်သည် ထိုကဲ့သို့သော ပြစ်မှုအတွက် မမျှတကြောင်းနှင့် သူ၏ တရားခွင် သို့မဟုတ် စီရင်ချက်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ယနေ့အထိ တရုတ်နိုင်ငံပြင်ပ လူသိရှင်ကြား ထုတ်ပြန်ခြင်းမရှိသေးကြောင်း TCHRD က ဖော်ပြခဲ့သည်။

Kunchok Jinpa သည် သူ၏ မိသားစုမှ မသိဘဲ ထောင်မှပြောင်းရွှေ့ခံရပြီး သုံးလအကြာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လာဆာရှိ ဆေးရုံတွင် သေဆုံးခဲ့သည်။
 
“တိဘက် လူ့အခွင့်အရေးကို အသုံးချပြီး ရဲစွမ်းသတ္တိရှိရှိနဲ့ ယုံကြည်မှုရှိတာကြောင့် လူသိများတဲ့ အသက် ၅၀ ကျော်ပြီဖြစ်တဲ့ တိဘက်လူမျိုးဟာ လာဆာရှိ ဆေးရုံကို ပြောင်းရွှေ့တဲ့အချိန် တိဘက်ရှိ တရုတ်အာဏာပိုင်များက ရိုက်သတ်ခြင်းခံခဲ့ရပါတယ်။ တိဘက်ရှိ Dhiru အတွင်း၌ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပြင်ပကမ္ဘာသို့ သတင်းပို့ခဲ့ခြင်းကြောင့် ထောင်ဒဏ် ၂၁ နှစ် ကျခံခဲ့ရတယ်”ဟု TCHRDမှ သုတေသီတစ်ဦးဖြစ်သူ Tenzin Dawaက ပြောကြားခဲ့သည်။

“ဒါကြောင့် တရုတ်အကျဉ်းထောင်တွေမှာ ထိန်းသိမ်းထားတဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး သမာသမတ်ကျပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်သင့်တယ်။ ဒီစုံစမ်းစစ်ဆေးမှု အားလုံးကို ကုလသမဂ္ဂ စံနှုန်းနဲ့အညီ ပြုလုပ်ရမယ်။ တရုတ်အာဏာပိုင်တွေအနေနဲ့လည်း မတရားဖမ်းဆီးမှုတွေနဲ့ ထောင်ချခြင်းတွေနဲ့ ၎င်းရဲ့မူဝါဒကို ပြန်လည်ရုပ်သိမ်ဖို့လည်း တောင်းဆိုတယ်”ဟု သူမက ထပ်မံ ပြောကြားခဲ့သည်။

တိဘက်သည် ၁၉၅၅ မတ်လမှ စတင်ကာ တရုတ်တို့သိမ်းပိုက်မှုအောက်တွင် ရှိခဲ့သည်။ ၂၀၀၉ ခုနှစ်မှစ၍ တိဗက်အတွင်း၌တရုတ်နိုင်ငံ၏ ဖိနှိပ်ချုပ်ခြယ်မှုနှင့် သိမ်းပိုက်မှုကို ဆန့်ကျင်သော ဆန္ဒပြမှုအတွင်း တိဘက်လူမျိုး ၁၅၅ဦးကျော် မိမိကိုယ်ကို မီးရှို့ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly