ဘန်ကောက် ကုလသမဂ္ဂရုံးရှေ့ မြန်မာအလုပ်သမားတွေ ရာပေါင်းများစွာ ဆန္ဒပြ 

ဘန်ကောက် ကုလသမဂ္ဂရုံးရှေ့ မြန်မာအလုပ်သမားတွေ ရာပေါင်းများစွာ ဆန္ဒပြ 

ထိုင်းနိုင်ငံ ဘန်ကောက်က ကုလသမဂ္ဂရုံးရှေ့မှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ရာပေါင်းများစွာဟာ တနင်္ဂနွေနေ့မှာ စုရုံးကြပြီး မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြကြပါတယ်။ 

ပြီးခဲ့တဲ့ စနေနေ့က မန္တလေးက ဆန္ဒပြပွဲ ပြင်းပြင်းထန်ထန် ဖြိုခွင်းခံရလို့ လူ နှစ်ဦး သေဆုံးပြီး ကုလသမဂ္ဂကလည်း စစ်အာဏာသိမ်းအုပ်စုကို ပြစ်တင်ရှုတ်ချခဲ့တာလည်း ဖြစ်ပါတယ်။ 

အာဏာသိမ်းမှုအပေါ် ဆန္ဒပြသူတွေကို သေလောက်အောင် အင်အားသုံးဖြိုခွင်းတာအတွက် အာဏာသိမ်းစစ်အစိုးရကို တနင်္ဂနွေနေ့မှာ ကုလသမဂ္ဂဟာ ထပ်မံပြစ်တင်ရှုတ်ချခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီ တနင်္ဂနွေနေ့မှာပဲ အာဏာသိမ်းဆန့်ကျင်မှုအတွင်း ပထမဆုံး ပစ်ခတ်ခံရပြီး သေဆုံးတဲ့ မမြသွဲ့သွဲ့ခိုင်ကို နေပြည်တော်မှ ဈာပနချခဲ့ပါတယ်။ မမြသွဲ့သွဲ့ခိုင်ဟာ အာဏာသိမ်းမှုကို ဖီဆန်တွန်းလှန်တဲ့ အမျိုးသားရေးပြယုဂ်လည်း ဖြစ်လာခဲ့ပါတယ်။ 

အင်အားကြီးမာပြီး အများစုအားဖြင့် ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြတာအဖြစ် CDM လှုပ်ရှားမှုကို အာဏာပိုင်တွေဟာ ၎င်းတို့ရဲ့ နည်းဗျူဟာတွေအတိုင်း တဖြည်းဖြည်းချင်း ဖိနှိပ်မှုတွေ တိုးမြှင့်လုပ်ဆောင်လာပါ။ 

ဖမ်းဆီးထိန်းသိမ်းခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေးအတွက် ပြည်သူတွေဟာ အရပ်ဖက်အမိန်အာဏာဖီဆန်မှု CDM လှုပ်ရှားမှုကို တစ်တပ်တစ်အား ပါဝင်ဆင်နွှဲနေကြလျက် ရှိပါတယ်။ 

စနေနေ့က မန္တလေးမှာ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်တွေ ပစ်ခတ်လို့ လူနှစ်ဦး သေဆုံးခဲ့ပြီး ရန်ကုန်မှာလည်း ညပိုင်းမှာ လူတစ်ဦး ပစ်ခတ်ခံရလို့ သေဆုံးတာကြောင့် နိုင်ငံတလွှား လမ်းပေါ်ထွက်ဆန္ဒပြမှုတွေ ဖြစ်ပွားတဲ့ သီတင်းနှစ်ပတ်ကျော်အတွင်း လူသေဆုံးမှု အများဆုံး ဖြစ်ခဲ့ပါတယ်။ 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရပ်စ်က မန္တလေးက လူအုပ်ကို သွေးထွက်သံယို အကြမ်းဖက်ဖြိုခွင်းတာအတွက် ပြစ်တင်ပြောဆိုပါတယ်။ 

“ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အသက်သေလောက်တဲ့ အင်အားသုံးတာ၊ ခြောက်လှန့်တာနဲ့ ဘေးပြုတာဟာ လက်သင့်ခံစရာ မရှိပါဘူး”လို့ ဂူတာရပ်စ်က ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly