တရုတ်ကမ်းခြေစောင့် သင်္ဘောများ စန်ခခုအနီး ဂျပန်ရေပိုင်နက်အတွင်း ဝင်ရောက်

တရုတ်ကမ်းခြေစောင့် သင်္ဘောများ စန်ခခုအနီး ဂျပန်ရေပိုင်နက်အတွင်း ဝင်ရောက်

တရုတ်ကမ်းခြေစောင့် ရေယာဉ်နှစ်စင်းသည် စန်ခခုကျွန်းအနီးရှိ ဂျပန်ရေပိုင်နက်အတွင်းသို့ တနင်္ဂနွေနေ့အထိ နှစ်ရက်ဆက်တိုက် ဝင်ရောက်ခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်မှ ပြောကြားခဲ့သည်။

ရေယာဉ်များသည် အရှေ့တရုတ်ပင်လယ်ရှိ တရုတ်က ပိုင်ဆိုင်ကြောင်း ပြောကြားသည့် လူနေထိုင်မှု မရှိသော ကျွန်းများအနီးရှိ ရေထဲသို့ မနက် ၄နာရီ ၅၀ခန့်တင် ဝင်ရောက်ခဲ့ကာ မနက် ၁၁နာရီ ၅၀ခန့်တွင် ပြန်လည် ထွက်ခွာသွားခဲ့သည်။ ၎င်းသည် ယခုနှစ်အတွင်း နဝမအကြိမ်ဖြစ်ပြီး တရုတ်နိုင်ငံသည် ယခုလအစောပိုင်းက ကမ်းခြေစောင့်များအား နိုင်ငံခြားသင်္ဘောများအား လက်နက်များ အသုံးပြုခွင့်ပြုရန် အတိအလင်းပြဌားန်းခဲ့ပြီး နောက်ပိုင်းတွင် နောက်ဆုံးဖြစ်သည်။ ထပ်ခါတလဲလဲ ကျူးကျော်ဝင်ရောက်ခြင်းနှင့် ပတ်သက်၍ ဂျပန်က ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။
 
တရုတ်ရေယာဉ်များသည် ဧရိယာအတွင်းရှိ ဂျပန်ငါးဖမ်းလှေတစ်စင်းသို့ ချဉ်းကပ်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ဆိုသည်။

လုံခြုံရေး သေချာစေရန် ဂျပန်ကင်းလှည့်ယာဉ်တစ်စင်းသည် ငါးဖမ်းလှေအနီးသို့ စေလွှတ်ခဲ့ပြီး တရုတ်ရေယာဉ်များက ဂျပန်ရေပိုင်နက်အတွင်းမှ ထွက်သွားရန် သတိပေးခဲ့သည်ဟု ၎င်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly