မြန်မာတွင် ဆန္ဒပြသူများ အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက် ဗြိတိန်က နောက်ထပ်အရေးယူမှုများ လုပ်ဆောင်ရန် စဉ်းစား

မြန်မာတွင် ဆန္ဒပြသူများ အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက် ဗြိတိန်က နောက်ထပ်အရေးယူမှုများ လုပ်ဆောင်ရန် စဉ်းစား
Photo: EPA

ဖေဖေါ်၀ါရီ ၂၁

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူများအပေါ် အင်အားသုံးအကြမ်းဖက်မှု၌ ပါ၀င်ပတ်သက်ခဲ့သူများအပေါ် အရေးယူဆောင်ရွက်မှုများ ထပ်မံချမှတ်သွားရေး ဗြိတိန်နိုင်ငံဘက်က စဉ်းစားသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေး၀န်ကြီး ဒိုမစ်နစ် ရာ့ဘ်က ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် ယမန်နေ့က ဆန္ဒပြသူများကို လူစုခွဲရန် ရဲနှင့် စစ်သားများက ပစ်ခတ်ခဲ့ရာ လူနှစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဥ် ဖြစ်ပွားပြီးနောက် ဗြိတိန်နိုင်ငံခြားရေး၀န်ကြီးက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ပစ်ခတ်တာက လက်ခံနိုင်စရာ မရှိပါဘူး၊ ဒီမိုကရေစီကို နင်းခြေပြီး ဆန္ဒပြသူတွေကို ဖိနှိပ်နေသူတွေအပေါ် ကျွန်တော်တို့ရဲ့ နိုင်ငံတကာ ပါတနာတွေနဲ့ ပူးပေါင်းပြီး နောက်ထပ် အရေးယူ‌ဆောင်ရွက်မှုတွေ လုပ်ဖို့ ကျွန်တော်တို့အနေနဲ့ စဥ်းစားသွားမှာဖြစ်ပါတယ်” ဟု ရာ့ဘ်က တွစ်တာကနေ ပြောခဲ့သည်။

ဗြိတိန်သည် ပြီးခဲ့သည့် ကြာသပတေးနေ့က မြန်မာစစ်ဗိုလ်ချုပ်ကြီး သုံးဦးကို အရေးယူဒဏ်ခတ်မှုများ ချမှတ်ခဲ့ပြီး ၎င်းတို့သည် အာဏာသိမ်းမှုနောက်ပိုင်း ကြီးလေးသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိခဲ့သည်ဟု ဗြိတိန်က စွပ်စွဲထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly