မန္တလေးမြို့ ကမ်းနားလမ်းဖြိုခွင်းမှု ဆက်လက်ပစ်ခတ်နေ

မန္တလေးမြို့ ကမ်းနားလမ်းဖြိုခွင်းမှု ဆက်လက်ပစ်ခတ်နေ

မနက်ပိုင်းကနေ ယခုအချိန်ထိဖြိုခွင်းမှုမှာ လက်ရှိအချိန်ထိ ရရှိထားတဲ့စာရင်းအရ ၇ဦးထပ်မနည်း ဒဏ်ရာရရှိထားပြီး ပထမအကြိမ်ဖြိုခွင်းမှုမှာ ဦးခေါင်းကျည်ဆံထိမှန် ဒဏ်ရာရရှိသူတစ်ဦးမှာ အခြေအနေစိုးရိမ်ရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းတာဝန်ရှိသူ၏ပြောကြားချက်အရ ဖြိုခွင်းတဲ့နေရာနှစ်နေရာမှာ ၆ ဦး ဒဏ်ရာရရှိခဲ့တာလို့ သိရပါတယ်။ ဖြိုခွင်းတဲ့နေရာကတော့ သုံးနေရာမှာ ဆက်တိုက်ဖြိုခွင်းနေတာပါ။

"တာဝန်ရှိသူတွေရဲ့ ပြောကြားတာကြားရသလောက် တစ်ဦးက ဦးခေါင်းထိမှန်ပြီး ဒဏ်ရာရရှိခဲ့ပြီး အခြေအနေ စိုးရိမ်ရတယ်လို့ သိရပါတယ်။"လို့ ဖြိုခွင်းခံရတဲ့နေရာမှာ ရှိနေတဲ့ မြန်မာနိုင်ငံလူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရဲတပ်ဖွဲ့နဲ့စစ်တပ်အင်အားချတဲ့နေရာမှာလည်း သံဃာတော်တွေ၊ ကိုယ်ဝန်သည်အမျိုးသမီးတချို့အပါအဝင် ပိတ်မိနေသူတွေရှိတာကြောင့် ပြည်သူတွေက စိုးရိမ်နေကြပါတယ်။

အခင်းဖြစ်တဲ့နေရာကို ရောက်ရှိနေတဲ့ သံဃာတော်တစ်ပါးကတော့ ခြေထောက်မှာ လေးခွပစ်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ စကားသေချာမပြောနိုင်တဲ့အခြေအနေကို တွေ့ရှိခဲ့ရပါတယ်။

လက်ရှိအချိန်ထိတော့ အဲဒီနေရာတစ်လျှောက်မှာ သေနတ်ပစ်ဖောက်သံကို တောက်လျှောက်ကြားနေရပါတယ်။ လောက်စာလုံးတွေလည်း ဘေးဘက်က ပြည်သူတွေအိမ်ဘက်ကို မကြာခဏ ကျနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly