လုံခြုံရေးတပ်တွေရဲ့ လှုပ်ရှားမှုကို အဟန့်အတားဖြစ်အောင် လမ်းပေါ် ကြက်သွန်ကောက်ပြီး ပိတ်ဆို့ဆန္ဒပြ

လုံခြုံရေးတပ်တွေရဲ့ လှုပ်ရှားမှုကို အဟန့်အတားဖြစ်အောင် လမ်းပေါ် ကြက်သွန်ကောက်ပြီး ပိတ်ဆို့ဆန္ဒပြ
Photo: Nyein Chan Naing/EPA

ပြီးခဲ့တဲ့ရက်က ရန်ကုန်မှာ ဆန္ဒပြသူတွေဟာ လမ်းမတွေပေါ်မှာ ကြက်သွန်ကောက်ကြပြီး လမ်းတွေ ပိတ်ဆို့ထားကာ ဆန္ဒပြကြပါတယ်။

မြို့အနှံ့က လုံခြုံရေးတပ်တွေရဲ့ လှုပ်ရှားမှုတွေကို ဟန့်တားနိုင်အောင်ဆိုပြီး ခုလို လမ်းပေါ် ကြက်သွန် ကောက်ကြသလို စက်ဘီးတွေ ပြင်ကြတာ၊ တစ်ရေးတစ်မောအိပ်တာတွေနဲ့ လမ်းပိတ်ဆို့အောင် လုပ်ဆောင်ကြတာပဲ ဖြစ်ပါတယ်။

ကားပျက်ကမ်းပိန်း လှုပ်ရှားမှုဆိုပြီး လမ်းတွေပေါ် ကားတွေ၊ ဆိုက်ကားတွေ၊ ထရပ်ကားတွေ ထိုးရပ်ပြီး လမ်းတွေပိတ်ဆို့အောင် လုပ်ကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြတာဟာလည်း မနေ့ကဆို နှစ်ရက်မြောက်တိုင်ပြီ ဖြစ်ပါတယ်။

“ကျွန်တော်တို့ ကားပျက်ကမ်ပိန်းမှာ ပါဝင်နေတာဟာ ရုံးမတက်ဘဲ ရုန်းထွက်ဆိုတဲ့အတိုင်း အစိုးရဝန်ထမ်းတွေကို ရုံးမတက်ဖြစ်အောင် ပံ့ပိုးပေးနိုင်အောင်လည်း ဖြစ်ပြီး အဲဒီ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေအတွက်လည်း ဂုဏ်ယူရတယ်”ဆိုပြီး ထရပ်ကားဒရိုင်ဘာ ကိုဖိုးသားက အေအက်ဖ်ပီကို ပြောပါတယ်။

“တာဝန်ကျေတဲ့ နိုင်ငံသားတွေ ဖြစ်ချင်လို့ ကျွန်တော်တို့ ဆန္ဒပြကြတာပဲ။ စစ်အာဏာသိမ်းသူတွေ အရေးနိမ့်သွားစေချင်တယ်။ တစ်နိုင်ငံလုံးက အစိုးရဝန်ထမ်းတွေ တော်တော်များများလည်း CDM လှုပ်ရှားမှုမှာ ပါဝင်ပြီး စစ်အာဏာသိမ်းသူတွေကို ဆန့်ကျင်နေကြပြီ”လို့ သူက ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်ဟာ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးဖယ်ရှားပြီး အာဏာသိမ်းခဲ့တဲ့အချိန်ကစလို့ တစ်နိုင်ငံလုံးက မြို့ရွာတွေအနှံ့မှာ စစ်အုပ်ချုပ်ရေးအောက် ပြန်မရောက်ရှိရေး တော်လှန်ဆန့်ကျင်လျက် ရှိနေတာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly