မြစ်ကြီးနားမြို့မှာ ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့များက ဖြိုခွင်း

မြစ်ကြီးနားမြို့မှာ ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့များက ဖြိုခွင်း

ဖေဖော်ဝါရီ ၁၉  

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြလူအုပ်စုကို အဓိကရုဏ်းနှိမ်နင်းရေးရဲတွေနဲ့ စစ်သားတွေက ဒီကနေ့မှာ ဖြိုခွင်းခဲ့ပြီး လူအများအပြားကို ဖမ်းဆီးခဲ့ပါတယ်။ 

မြစ်ကြီးနားက New Light ဟိုတယ်အနီးမှာ ဒေါ်အောင်ဆန်းစုကြည်ပုံပါ ဆိုင်းဘုတ်ကိုကိုင်ဆောင်လာတဲ့ ဆန္ဒပြလူအုပ်စုငယ်ကို လုံခြုံရေးတပ်ဖွဲ့က ဖြိုခွင်းခဲ့တာဖြစ်ပါတယ်။  

ဗြိတိန်နဲ့ ကနေဒါတို့ရဲ့ ပစ်မှတ်ထား အရေးယူခံရမှုနဲ့အတူ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေအပေါ် ကမ္ဘာလုံးဆိုင်ရာဖိအားတွေ များလာပေမယ့် စစ်တပ်ဟာ အာဏာသိမ်းမှုအပေါ်အတိုက်အခံလုပ်တာတွေကို နှိမ်နင်းတဲ့ကြိုးပမ်းအားထုတ်မှုဟာ လျော့သွားမယ့်လက္ခဏာ မရှိပါဘူး။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly