အာဏာသိမ်းမှုဖြစ်ခဲ့သည့် မြန်မာနှင့်  အထူးသတိထား ပတ်သက်ဆက်ဆံမည်ဟု ကမ္ဘာ့ဘဏ် ထုတ်ပြန်

အာဏာသိမ်းမှုဖြစ်ခဲ့သည့် မြန်မာနှင့်  အထူးသတိထား ပတ်သက်ဆက်ဆံမည်ဟု ကမ္ဘာ့ဘဏ် ထုတ်ပြန်

ဖေဖေါ်၀ါရီ ၁၉

စစ်တပ်က အာဏာသိမ်းထားသည့် မြန်မာနိုင်ငံနှင့်အကြား ရှေ့ကာလ ပတ်သက်ဆက်ဆံရာတွင် “အထူး သတိထားပြီး” ရပ်တည်ဆက်ဆံသွားမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ဒေးဗစ် မဲလ်ပတ်စ်က ဖေဖေါ်၀ါရီ ၁၈ ရက်တွင် ပြောကြားလိုက်သည်။

မြန်မာနိုင်ငံနှင့်အကြား အထူး သတိထား ချဥ်းကပ်ပတ်သက်သွားမည်ဖြစ်သော်လည်း ယင်းနိုင်ငံတွင် ရှိရင်းစွဲ ပရောဂျက်များကိုမူ ဆက်လက် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

ကမ္ဘာ့ဘဏ်အနေဖြင့် လက်ရှိ စီစဉ်ဆောင်ရွက်ဆဲ မြန်မာ ပရောဂျက်သစ်များ ရှိမနေသလို မည်သို့မည်ပုံ ရှေ့ဆက်သွားမည်လဲ ဆိုသည်နှင့်ပတ်သက်ပြီး ယင်း၏ ရှယ်ယာရှင်များထံမှ ညွှန်ကြားချက်ကို စောင့်သွားမည်ဟု မဲလ်ပတ်စ်က သတင်းထောက်များကို ပြောသည်။

ကမ္ဘာ့ဘဏ်သည် ရိုဟင်ဂျာ (မူရင်း) မွတ်ဆလင်များအပေါ် မြန်မာ၏ ပြုမူဆက်ဆံမှု ဆိုင်ရာ ကိစ္စရပ်များကြောင့်လည်း ယခင်ကာလကတည်းက သတိထားပြီး ဆက်ဆံလုပ်ကိုင်နေခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly