မြင့်တက်လာနေသော တရုတ်၏ ရန်လိုမှုနှင့်ပတ်သက်၍ ဖိလစ်ပိုင်က ‘အကျိုးဆက်များ ပြင်းထန်လိမ့်မည်’ ဟု တုံ့ပြန်

By Daily Hunt
19 February 2021
 မြင့်တက်လာနေသော တရုတ်၏ ရန်လိုမှုနှင့်ပတ်သက်၍ ဖိလစ်ပိုင်က ‘အကျိုးဆက်များ ပြင်းထန်လိမ့်မည်’ ဟု တုံ့ပြန်

တရုတ်ကွန်မြူနစ်နိုင်ငံမှ တောင်းဆိုထားသည့် နယ်မြေများတွင် ရေယာဉ်များကို သေနတ်ဖြင့် ပစ်ခွင့်ပြုသည့် ကမ်းခြေစောင့် ဥပဒေအသစ်ကို ပြဌာန်းပြီးနောက် ဖိလစ်ပိုင်သည် ၎င်း၏ရေတပ်အနေဖြင့် မည်သည့်ဖြစ်နိုင်ချေရှိသော ကျူးကျော်မှုတွင်မဆို ပြန်ပစ်ရန် အမိန့်ပေးခဲ့သည်ဟု ခြိမ်းခြောက်လိုက်သည်။

ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin Jr က တရုတ်၏လုပ်ဆောင်မှုသည် ကြီးမားသော အကျိုးဆက်များ ဖြစ်ပေါ်စေလိမ့်မည်ဟု ယခုအပတ်က တိပြုပြောကြားခဲ့ကြောင်း The ASEAN Post က တင်ပြထားခဲ့သည်။
 
“အခုအထိတော့ ဘာအဖြစ်အပျက်မှ မရှိသေးဘူး။ တကယ်လို့ တစ်ခုခု ဖြစ်ခဲ့ရင် ဆန္ဒပြတာထက် ပိုများလိမ့်မယ်လို့ ကျွန်တော်ပြောနိုင်တယ်”ဟု ပေကျင်း၏ ‘စစ်ပွဲအား နှုတ်ဖြင့်ခြိမ်းခြောက်မှု”အား တရားဝင် သံတမန်ရေးရာ ဆန္ဒထုတ်ဖော်ပြီးနောက် Locsin က ဒေသခံမီဒီယာသို့ ပြောကြားခဲ့သည်။

“အစပိုင်းမှာ ကျွန်တော်ပြောခဲ့တာက မင်းဟာ ဥပဒေတစ်ခုကိုပြဌာန်းတယ်၊ ဘယ်သူ့ကိစ္စမှ မဟုတ်တဲ့ ပြည်တွင်းဥပဒေဖြစ်တယ်။ ဒါပေမဲ့ တစ်ဖက်မှာ ဒီဥပဒေဟာ သူတို့ပိုင်တယ်လို့ ဆိုထားတဲ့ ဒေသတွေမှ အသုံးချနိုင်တယ်ဆိုတာ သဘောပေါက်တယ်။ ခုခံတိုက်ခိုက်မယ်ဆိုရင် သူတို့ပစ်ခတ်မှာဖြစ်တယ်။ ဒါကကျွန်တော့်အတွက်တော့ စစ်ပွဲခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်”ဟု သူကဆက်ပြောသည်။

တစ်ချိန်တည်းမှာပင် ဂျပန်သည် အရှေ့တရုတ်ပင်လယ်ရှိ ကျွန်းများပတ်ဝန်းကျင်တွင် ပဋိပက္ခများ မြင့်တက်လာနိုင်ချေနှင့် ရင်ဆိုင်နေရသည်ဟု The ASEAN Post ကဖော်ပြခဲ့သည်။

ပေကျင်း၏ ‘ပစ်မိန့်’ဥပဒေသည် “အပြည်ပြည်ဆိုင်ရာ ဥပဒေအရ အမိန့်ကို ဖျက်သိမ်းနိုင်သည်”ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 တစ်ချိန်တည်းမှာပင် မနီလာရှိ ပေကျင်းသံရုံးက ၎င်းတို့ပြဌာန်းလိုက်သော ဥပဒေသည် မည်သည့်နိုင်ငံကိုမျှ ရည်ရွယ်ခြင်းမရှိဘဲ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီးများနှင့် ကိုက်ညီသည်ဟု ပြောဆိုကာ ဝေဖန်မှုများနှင့် စိုးရိမ်မှုများကို ဖယ်ရှားရန် ကြိုးပမ်းခဲ့သည်။

“နိုင်ငံများစွာသည် အလားတူ ဥပဒေပြု ဆောင်ရွက်ခဲ့သည်။ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ (PCG) ၏ ၂၀၀၉ ဥပဒေအရ PCG အား လက်နက်နှင့် ယူနီဖောင်းဝတ်ဆင်သော အဖွဲ့အဖြစ် ဖွဲ့စည်းခဲ့သည်။ ထိုဥပဒေများအား စစ်ပွဲ၏ ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ခြင်းမရှိခဲ့ပါ”ဟူ၍ သံရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် အာရှနိုင်ငံများသည် ၎င်းပြောဆိုချက်ကို သဘောမတူပါ။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲရှုဂါအား အပြန်အလှန် ကာကွယ်ရေးစာချုပ်များတွင် စန်ခခုကျွန်းစု အချုပ်အခြာအာဏာ ပါဝင်ကြောင်း The ASEAN Post က ဖော်ပြခဲ့သည်။

ဘိုင်ဒင်သည် ပေကျင်းနှင့် ရင်းနှီးသော ဖိလစ်ပိုင်သမ္မတ ဒူတာတေးအား Scarborough Shoal နှင့် တောင်တရုတ်ပင်လယ် အများစုအတွက် ၎င်း၏အခွင့်အရေးများကို ထောက်ခံကြောင်းနှင့် နှစ်ဦး နှစ်ဖက် အပြန်အလှန် ကာကွယ်ရေးစာချုပ်အရ မနီလာအပေါ် ထားရှိသော ဝါရှင်တန်၏ ကတိကဝတ်ကို ထပ်မံပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကာကွယ်ရေးဝန်ကြီး ဒယ်လ်ဖင် လိုရန်ဇာနာသည် ယခုအပတ်တွင် ၎င်း၏ရေတပ်အား တောင်တရုတ်ပင်လယ်တွင် အမေရိကန်နှင့် အခြားအာရှနိုင်ငံများနှင့် ရေတပ်လေ့ကျင့်ခန်းများတွင် မပါဝင်ရန် အမိန့်ပေးခဲ့သည်။

“ပထမအချက်အနေနဲ့ တရုတ်ကို ရန်မစသင့်ဘူး။ ဘာလို့လဲဆိုတော့ တရုတ်က ကျွန်တော်တို့ကို ဒီမှာ စောင့်ကြည့်နေတယ်။ တရုတ်အစိုးရက ရန်စခံရရင် အများကြီးလုပ်နိုင်တယ်။ ဝန်ကြီး အော်စတင်း ကို ကျွန်တော်ပြောချင်တယ်၊ - တောင်တရုတ်ပင်လယ်အတွင်းမှာ တွက်ချက်မှုလွဲမှားတာပဲဖြစ်ဖြစ် မတော်တဆပဲ ဖြစ်ဖြစ် ကျွန်တော်တို့က ဗဟိုချက်လမ်းကြောင်းကိုရောက်နေလို့ ဘာမှ မဖြစ်စေချင်ဘူး”ဟု သူက ပြောကြားခဲ့သည်။

 တရုတ်သည် တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်တို့တွင် ၎င်း၏ ရေကြောင်းဆိုင်ရာ လှုပ်ရှားမှုများကို လွန်ခဲ့သောလအနည်းငယ်က တိုးမြှင့်ခဲ့ပြီး တရုတ် - အမေရိကန် တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် ဒေသတွင်း၌ အမေရိကန်စစ်တပ်များ တိုးချဲ့လာခြင်းအပေါ် ပေကျင်း၏  စိုးရိမ်ပူပန်မှု တစ်စိတ်တစ်ပိုင်းအဖြစ် တုံ့ပြန်ခဲ့သည်။

အရှေ့နှင့် တောင်ပင်လယ်တို့တွင် ပြန်လည်တောင်းဆိုသူများနှင့် ပေကျင်းတို့၏ မြင့်တက်လာမှုသည် အင်ဒို - ပစိဖိတ်တလျှောက်တွင် မကြုံစဖူးသဘောတူညီချက် ရရှိစေခဲ့သည်။

တိုကျိုသည် တရုတ်နိုင်ငံ Diaoyu ဟုခေါ်သော စန်ခခုအနီးရှိ ဂျပန်ပိုင်နက် ရေပြင်အတွင်းသို့ တရုတ်ကမ်းခြေစောင့်တပ်များ ကျူးကျော်ဝင်ရောက်ပြီးသည့်နောက် ယခုလအစောပိုင်းက သံတမန်ရေးလမ်းကြောင်းများဖြင့် ပေကျင်းအား ဆန္ဒပြခဲ့သည်။

 ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့၏ အဆိုအရ တရုတ်နိုင်ငံ၏ ကမ်းခြေစောင့် သင်္ဘောနှစ်စင်းသည် မနက် ၄ နာရီ ၄၅ မိနစ်ခန့်တွင် လူနေထိုင်မှုမရှိသော ကျွန်းများအနီးရှိ ဂျပန်ရေပိုင်နက်အတွင်းသို့ ဝင်ရောက်ခဲ့သည်။

ကျူးကျော်ဝင်ရောက်မှုအပြီးတွင် ဂျပန်အစိုးရသည် အခြေအနေအား ခွဲခြမ်းစိတ်ဖြာရန် ဝန်ကြီးချုပ်ရုံးတွင် အထူးအဖွဲ့တစ်ခု ဖွဲ့ခဲ့သည်ဟု အရာရှိများက ပြောကြားခဲ့ကြောင်း Kyodo News အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly