မြစ်ကြီးနားမြို့မှာ ပညာရေးဝန်ထမ်းများကို ရဲနဲ့ စစ်တပ်က ရိုက်နှက်ဖမ်းဆီးခဲ့

မြစ်ကြီးနားမြို့မှာ ပညာရေးဝန်ထမ်းများကို ရဲနဲ့ စစ်တပ်က ရိုက်နှက်ဖမ်းဆီးခဲ့

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဒီကနေ့ မနက် ၈ နာရီခွဲလောက်က ပညာရေးကောလိပ်ကျောင်းရှေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းထွက်ခွာရန် ပြင်ဆင်နေကြတဲ့ ပညာရေးဝန်ထမ်းနှစ်ဦးကို ရဲတပ်ဖွဲ့ဝင်များနဲ့ စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

သပိတ်စစ်ကြောင်းထွက်ခွာရန် ပြင်ဆင်နေစဉ် ရဲတပ်ဖွဲ့ဝင်များနဲ့ စစ်တပ်မှ တပ်မတော်သားများက ယာဥ်တန်းဖြင့်ရောက်ရှိလာကာ ပညာရေးဝန်ထမ်းများကို ရိုက်နှက်ကာ ဖမ်းဆီးသွားတာဖြစ်တယ်လို့ မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ ဆရာမတစ်ဦးက ပြောပြပါတယ်။

လက်ရှိအချိန်မှာတော့ မြစ်ကြီးနားမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုပ်နေကြတဲ့ သပိတ်စစ်ကြောင်းကြီးများ မစုစည်းနိုင်အောင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖြိုခွင်းလျက်ရှိနေတာဘဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly