ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အရပ်သားအချို့ကို ဖမ်းဆီးခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အရပ်သားအချို့ကို ဖမ်းဆီးခံရ

မြစ်ကြီးနားမြို့မှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြတဲ့ ဆန္ဒပြပြည်သူများထဲက အရပ်သားအချို့ကို  စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ပြည်သူလူထုနဲ့ WE WANT DEMOCRACY ဆိုတဲ့  စာသားကို ပုံဖော်နေကြတဲ့ သူတွေကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများနဲ့ ကချင်ပြည်နယ်မှ ရဲတပ်ဖွဲ့ဝင်တို့က အင်အားသုံးကာ ဖြိုခွဲဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို သတိပေးခြင်းမရှိဘဲ စစ်သည်များမှ ဖမ်းဆီးခြင်း၊ လေးခွဖြင့်ထုခြင်းများပြုလုပ်ခဲ့ပြီး အင်အားသုံးဖြိုခွဲခဲ့ကာ WE WANT DEMOCRACY ဟူသော စာသားကို ဖျက်ပစ်ရန် ကြိုးစားခဲ့ပါတယ်။

ဒီကနေ့ မနက်ပိုင်းက အထက (၉) နဲ့ အထက (၁)ကြား ပြည်သူများဆန္ဒထုတ်ဖော်နေစဉ် စစ်တပ်နှင့် ရဲများမှ လာရောက်တားဆီးပိတ်ပင်မှုများပြုလုပ်ပြီး ပြည်သူအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကနေဦးသတင်းအရ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly