အာဏာသိမ်းအပြီး လက်ရှိအထိ ဖမ်းဆီးထားသူ ၅၀၀ ဝန်းကျင် ရှိ

အာဏာသိမ်းအပြီး လက်ရှိအထိ ဖမ်းဆီးထားသူ ၅၀၀ ဝန်းကျင် ရှိ
Photo: Lynn Bo Bo/EPA

 အစိုးရ ရုံးလုပ်ငန်းများ လည်ပတ်မှု နှောင့်နှေးစေသော ရုံးမတက်နဲ့ ရုန်းထွက်ဆိုကာ အလုပ်မသွားရေး တွန်းအားပေးသည့် ဆန့်ကျင်သပိတ်မှောက်မှုအတွက် စစ်အာဏာသိမ်းအစိုးရဟာ ထင်ရှားကျော်ကြားသူ ခြောက်ဦးကို ဖမ်းဝရမ်း ထုတ်လိုက်ပြီး လက်ရှိအထိ ယခုလအစောပိုင်းက စတင်သော အာဏာသိမ်းမှုအတွင်း ဆန္ဒပြသူများကို ဖမ်းဆီးထားသည်မှာ ၅၀၀ နီးပါးရှိနေသည်။ 

ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်တွင်လည်း ရန်ကုန်တက္ကသိုလ်အနီး လူစည်ကားရာ လမ်းဆုံ၌ ကြွေးကြော်သံများဖြင့် ဆန္ဒပြသူပေါင်း ထောင်သောင်းများစွာ ရှိကြောင်း မျက်မြင်တစ်ဦးက ဆိုသည်။ 

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုနှင့် ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးမှုများကို ဆန့်ကျင်ပြီး ကျောင်းသားများကလည်း အခြားနေရာတွင် စုရုံးဆန္ဒပြကြသည်။ 

လမ်းမများတွင် ချီတက်ဆန္ဒပြမှုများကလည်း စစ်အုပ်ချုပ်ရေး ရာစုဝက်အတွင်းက သွေးထွက်သံယိုဖြင့် နှိမ်နင်းခံရသော ဆန္ဒပြမှုများထက် ပို၍ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများအဖြစ် ဖြစ်ပွားပေါ်ပေါက်လာသည်။ သို့သော် ထိုသို့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများနှင့် CDM လှုပ်ရှားမှုများသည် အများစုသော ဌာနဆိုင်ရာ လုပ်ငန်းများအပေါ် အကြီးအကျယ် သက်ရောက်မှုများ ရှိစေသည်။ 

ရန်ကုန်တွင် မော်တော်ကားမောင်းသူ တော်တော်များများမှာ အာဏာသိမ်းမှုကို ဆန့်ကျင်သည့်သဘောဖြင့် အလွန်နှေးကွေးစွာ မောင်းနှင်ကြသည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ရဲနှင့် စစ်တပ်ယာဉ်များ၏ လှုပ်ရှားမှုများကို ပိတ်ဆို့နိုင်ရန် ကားများစွာ လမ်းပေါ်တွင် ထိုးပျက်ခဲ့ကြသည်။ 

အာဏာသိမ်းအစိုးရက အစိုးရဝန်ထမ်းများ အလုပ်သို့ ပြန်လာရန် မေတ္တာရပ်ခံပြီး အလုပ်ပြန်လည်ဝင်ရောက်ခြင်း မရှိပါက အရေးယူမည်ဟု ခြိမ်းခြောက်မှုများ ရှိလင့်ကစား သပိတ်မှောက်ဆန့်ကျင်ခြင်းက ပြေလျော့သွားသည့် လက္ခဏာ မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly