လေးရှီးမြို့က အင်အား ၃၀၀ ဦးဖြင့် စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြ

လေးရှီးမြို့က အင်အား ၃၀၀ ဦးဖြင့် စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြ

ဖေဖော်ဝါရီ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေးရှီးမြို့နယ်တွင် လူအင်အား ၃၀၀ ဦးဖြင့် စစ်တပ် အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး ဆန့်ကျင် ကန့်ကွက် ဆန္ဒပြမှု တစ်ခုကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်က ပြုလုပ်နေကြသည်။

အဆိုပါ စစ်တပ် အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြမှုတွင် ဖမ်းဆီးထားသည့် နိုင်ငံခေါင်းဆောင်များ လွှတ်ပေးရန်နှင့် စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်ခဲ့ကြသည်။

မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊ ဒုဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်တို့ အပါအဝင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊ ၈၈ ကျောင်းသား ခေါင်းဆောင်ဟောင်း ဦးမြအေး၊ ဗကသ ဥက္ကဋ္ဌဟောင်း ကိုမင်းသွေးသစ်၊ စာရေး ဆရာ မောင်သာချိုတို့ အပါ လူဦးရေ ၄၀၀ ကျော်ကို ဖမ်းဆီးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly