ဒေါ်အောင်ဆန်းစုကြည်ကို ထပ်တိုးပုဒ်မနဲ့တရားစွဲတဲ့အပေါ် အမေရိကန် ပြစ်တင်ရှုတ်ချ

ဒေါ်အောင်ဆန်းစုကြည်ကို ထပ်တိုးပုဒ်မနဲ့တရားစွဲတဲ့အပေါ် အမေရိကန် ပြစ်တင်ရှုတ်ချ

ဖေဖော်ဝါရီ ၁၇  

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ်စီမံမှုဆိုင်ရာပုဒ်မ ၂၅ နဲ့ ထပ်မံ တရားစွဲလိုက်တဲ့အပေါ် အမေရိကန်က ပြစ်တင်ရှုတ်ချလိုက်ပြီး ဖမ်းဆီးထားတာပြန်လွှတ်ပေးဖို့ ထပ်မံတောင်းဆိုလိုက်ပါတယ်။  

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိ နက်ပရိုက်စ်က “စစ်တပ်က အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထပ်တိုးပုဒ်မနဲ့ တရားစွဲတယ်ဆိုတဲ့သတင်းကြောင့် ကျွန်တော်တို့တွေ စိတ်အနှောင့်ယှက်ဖြစ်ပြီး စိုးရိမ်မကင်းဖြစ်ရပါတယ်” လို့ ဖေဖော်ဝါရီ ၁၆ ရက်က ဝါရှင်တန်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။  

“မတရားနည်းနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အရပ်သားနဲ့နိုင်ငံရေးခေါင်းဆောင်တွေ၊ သတင်းထောက်တွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ တခြား အရပ်ဘက်အဖွဲ့အစည်းက အဖွဲ့ဝင်တွေကို ချက်ချင်းလွှတ်ပေးဖို့ မြန်မာစစ်တပ်ကို အရင်ကလည်း တောင်းဆိုထားပြီးဖြစ်ပါတယ်” လို့ နက်ပရိုက်စ်က ပြောပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly