စင်္ကာပူနိုင်ငံနှင့် အမေရိကန်ရှိ မြန်မာ့ရံပုံငွေများ စစ်တပ်လက်ထဲမရောက်ရန် JFM တိုက်တွန်း

စင်္ကာပူနိုင်ငံနှင့် အမေရိကန်ရှိ မြန်မာ့ရံပုံငွေများ စစ်တပ်လက်ထဲမရောက်ရန် JFM တိုက်တွန်း

မြန်မာနိုင်ငံ၏ နိုင်ငံရပ်ခြားရံပုံငွေများကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ပြည်ထောင်စုအရန်ဘဏ်နှင့် စင်္ကာပူနိုင်ငံရှိ ကူးသန်းရောင်းဝယ်ရေးဘဏ်များတွင် အပ်နှံထားကြောင်း၊ ယင်းငွေများ စစ်ဗိုလ်ချုပ်များလက်ထဲသို့ မရောက်ရေး အချိန်မီတားဆီးရန်လိုအပ်နေကြောင်း Justice for Myanmar (JFM) က ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

နိုင်ငံတကာဘဏ်များအနေဖြင့် ပြည်သူ့ရံပုံငွေအကောင့်များကို ထိန်းသိမ်းလိုက်ပြီး၊ နိုင်ငံတကာက စောင့်ကြည့်ဆန်းစစ်နိုင် သည့် လူသားချင်းစာနာထောက်ထားရေးအတွက် လွဲပေးသည့်ငွေများမှလွဲ၍ ကျန်ငွေများကို ထိန်းသိမ်းထားသင့်ကြောင်း တိုက်တွန်းထားသည်။

အပ်နှံထားသောငွေပမာဏကို ဖော်ပြထားခြင်းမရှိသော်လည်း ယင်းအချက်လက်သည် ခိုင်မာသောထောက်လှမ်းရေးသတင်း ရရှိထားခြင်းဖြစ်ကြောင်း (JFM) က ဆိုသည်။  ဖေဖော်ဝါရီ (၁) ရက်နေ့ အာဏာသိမ်းမှု နောက်ပိုင်းမှာ မြန်မာနိုင်ငံ၏ နိုင်ငံခြား အရံငွေ အမေရိကန် ဒေါ်လာ ၅.၇ ဘီလီယံ ဝန်းကျင်ကို စစ်တပ်က ထိန်းချုပ်ထားကြောင်း JFM က ဖော်ပြသည်။

ယင်းရံပုံငွေများကို စစ်ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့၏ နီးစပ်ရာ ပုဂၢလိက ခရိုနီ ဘဏ်အကောင့်များသို့ လွှဲပြောင်းယူနိုင်သည့် အန္တာရာယ်များလည်း ရှိနေကြောင်းရေးသားထားသည်။ ထို့ကြောင့် အခြားဘဏ်များ၏ ငွေလွှဲပြောင်းမှုကို နေ့စဉ်အနီးကပ် စောင့်ကြည့်သင့်ကြောင်း ဖော်ပြထားသည်။

စစ်တင့်နှင့်နီးစပ်သည့် ခရိုနီဘဏ်များကို နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင်က (FFM) ထုတ်ဝေခဲ့သော အစီရင်ခံ စာတွင် ဖော်ပြထားကြောင်း JFM က ဆိုသည်။ FFM ၏ အစီရင်ခံစာအရ တပ်ပိုင်လုပ်ငန်း ၁၀၆ ရှိပြီး ယင်းနှင့်ဆက်စပ်သော လုပ်ငန်း ၂၇ ခုကိုလည်း တွေ့ရှိခဲ့ကြောင်းဖော်ပြထားသည်။  နိုင်ငံတော်ပိုင်ဘဏ်များတွင် မြန်မာ့နိုင်ငံခြားကုန်သွယ်ရေးဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)၊ မြန်မာ့စီးပွားရေးဘဏ် (MEB) ၊ မြန်မာ့စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးရေးဘဏ် (MADB) တို့ပါဝင်သည်။

FFM ၏ ဖော်ပြချက်အရ စစ်တပ်ပိုင်ဘဏ်များမှာ မြဝတီဘဏ်၊ အင်းဝဘဏ်တို့ဖြစ်ပြီး၊ စစ်တိုက်နှင့်ဆက်စပ်နေသော ပုဂၢလိက ခရိုနီလုပ်ငန်းများမှာ ထွန်းမြင့်နိုင်ပိုင်ဆိုင်သော အေးရှားဝေါလ် (Asia World Group) ဦးချစ်ခိုင်ပိုင်ဆိုင်သော ဧဒင်လုပ်ငန်းစု  (Eden Group) ဦးတေဇပိုင်ဆိုင်သော ထူးလုပ်ငန်းစု (Htoo Group)၊ ဦးအောင်ကိုဝင်းပိုင်ဆိုင်သော ကမ႓ာဇလုပ်ငန်းစု (KBZ Group)၊ ဦးအိုက်ထွန်းပိုင်ဆိုသော ရွှေတောင်လုပ်ငန်းစု (Shwe Taung) ၊ ဦးဇော်ဇော်ပိုင်ဆိုင်သော (Max Myanmar)၊  First Myanmar Group of Companies၊ IBTC ၊ IGE Group ၊ လွယ်ဟိန်း (Loi Hein) နှင့် ရွှေသံလွင်လုပ်ငန်းစု (Shwe Than Lwin Group)တို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly