မြန်မာနိုင်ငံအတွင်း အင်တာနက်ပိတ်ဆို့မှုအပေါ် ကုလသမဂ္ဂ ဝေဖန်ပြစ်တင်  

မြန်မာနိုင်ငံအတွင်း အင်တာနက်ပိတ်ဆို့မှုအပေါ် ကုလသမဂ္ဂ ဝေဖန်ပြစ်တင်  
Photo: EPA

ဖေဖော်ဝါရီ ၁၆  

မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲများကို နှိမ်နင်းနေသည့်ကြားက စစ်အစိုးရ၏ အင်တာနက်ပိတ်ဆို့မှုများအပေါ် ကုလသမဂ္ဂက တနင်္လာနေ့တွင် ဝေဖန်ပြစ်တင်ခဲ့သည်။ 

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရန်နာဘာဂန်နာ က မြန်မာစစ်တပ်မှ ဒု-ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် ဆက်သွယ်ပြောဆိုခဲ့ပြီး အင်တာနက်ဖြတ်တောက်မှုများသည် အဓိကျသော ဒီမိုကရေစီဆိုင်ရာအခြေခံစည်းမျည်းများကို အဟန့်အတားအနှောင့်အယှက်ဖြစ်စေသည်ဟု သတိပေးခဲ့ကြောင်း ကုလဆိုင်ရာ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟက်က ပြောသည်။ 

အင်တာနက်ပိတ်ဆို့မှုများသည် ဘဏ်လုပ်ငန်းအပါဝင် အဓိကကဏ္ဍများကို ထိခိုက်စေပြီး ပြည်တွင်းတင်းမာမှုများကို မြင့်တက်စေကြောင်းနှင့် အလွန်အမင်းစိုးရိမ်မိကြောင်း ခရစ္စတင်း ရှရန်နာဘာဂန်နာက ပြောခဲ့သည်ဟု ဆိုသည်။  

မြန်မာစစ်ဗိုလ်ချုပ်များသည် ၎င်းတို့၏ အာဏာသိမ်းမှုကို ဆန့်ကျင်သော လူထုအုံကြွမှုများကို ချေမှုန်းရန်လုပ်ဆောင်ရင်း နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှုများကို လျစ်လျူရှုလျက် အင်္ဂါနေ့တွင် ဒုတိယအကြိမ် နှစ်ရက်မြောက်အဖြစ် အင်တာနက် ဖြတ်တောက်ရန် ညွှန်ကြားခဲ့သည်။  

ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက " သူတို့က ဆိုးရွားတဲ့အရာတွေလုပ်ချင်လို့ အင်တာနက်ကို ပိတ်ထားတာပါ။ ဘာတွေဖြစ်လာမလဲဆိုတာ သိနိုင်ဖို့ တစ်ညလုံးလည်း မအိပ်ရဘူး" လို့ဆိုပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly