ရန်ကုန်မြို့ တရုတ်သံရုံးအပြင်ဘက်ရှိ ဆန္ဒပြပွဲ

ရန်ကုန်မြို့ တရုတ်သံရုံးအပြင်ဘက်ရှိ ဆန္ဒပြပွဲ

ဖေဖော်၀ါရီ ၁၅

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေဟာ ဖေဖော်၀ါရီ ၁၅ ရက်မှာ ရန်ကုန်မြို့ရှိ တရုတ်သံရုံးအပြင်ဘက်မှာ စု‌ဝေးပြီး လက်ကိုင်ပိုစတာတွေ၊ စာတန်းတွေ ကိုင်ဆောင်ရင်း ဆန္ဒထုတ်ဖော်ကြပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ထိန်းသိမ်းပြီး အာဏာသိမ်းခဲ့ပြီးနောက် ပေကျင်းဟာ  “သဘောထားကွဲလွဲမှုတွေကို ပြေလည်အောင် ဖြေရှင်းဖို့” မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးကို တောင်းဆိုခဲ့ပါတယ်။

အာရှ၊ အာဖရိက နဲ့ ဥရောပတစ်ခွင်မှာ ပင်လယ်ရေကြောင်း၊ မီးရထားလမ်း၊ ကားလမ်း ပရောဂျက်တွေ ပါ၀င်တဲ့ တရုတ်ရဲ့ ရပ်၀န်းနဲ့ ပိုးလမ်းမ စီမံကိန်းကြီးမှာ မြန်မာဟာ အရေးပါတဲ့ အပိုင်း ဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်တပ်က ယနေ့ မနက်မှာ အင်တာနက် ယာယီ ဖြတ်တောက်မှု လုပ်ခဲ့သလို နိုင်ငံတ၀န်း တပ်ဖွဲ့၀င်တွေ ထပ်တိုး တပ်ဖြန့်ထားခဲ့ပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသူတွေအပေါ် ဖြိုခွင်းမှုတွေ တိုးမြှင့်လာပေမယ့်လည်း ဒီကနေ့ ဖေဖော်၀ါရီ ၁၅ ရက်မှာ ဆန္ဒပြသူတွေဟာ လမ်းတွေပေါ်မှာ ဆက်လက် ရောက်ရှိနေကြပြီး ဆန္ဒထုတ်ဖော်မှုတွေကို လုပ်ဆောင်နေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly