RCSS နှင့် တပ်မတော် ၅ ရက်ကြာ တိုက်ပွဲဖြစ်

RCSS နှင့် တပ်မတော် ၅ ရက်ကြာ တိုက်ပွဲဖြစ်

ဖေဖော်ဝါရီ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်အတွင်းမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)နှင့် အာဏာသိမ်း တပ်မတော်ကြား ဖေဖော်ဝါရီ ၁၀ ရက်မှစတင်ကာ တိုက်ပွဲ ၅ ရက်ကြာ ဖြစ်ပွားခဲ့ရာမှာ RCSS/SSA ဘက်က သိမ်းဆည်းရမိသော ပစ္စည်းများကို တွေ့ရသည်။

RCSS/SSA ဘက်က သိမ်းဆည်း ရမိသော ပစ္စည်းများတွင် စစ်ဝတ်စုံများ၊ လက်နက် ခဲယမ်း မီးကျောက်များ ပါဝင်သည်။

လက်ရှိတွင် RCSS/ SSA နဲ့ အာဏာသိမ်း တပ်မတော်အကြား သီပေါမြို့နယ်အတွင်းမှာ တိုက်ပွဲများဖြစ်ပွားနေသလို ကျောက်မဲမြို့နယ် အတွင်းမှာလည်း တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) ပူးပေါင်း တပ်ဖွဲ့ နှင့် RCSS/SSA ကြားမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေသည်။

RCSS/SSA ဘက်ကတော့ TNLA နှင့် SSPP ပူးပေါင်းတပ်ဖွဲ့က ၎င်းတို့စခန်းများကို လာရောက် တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ပြောသလို TNLA ဘက်ကလည်း RCSS/SSA ဘက်က လာရောက် တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားနေသည်ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly