လုပ်ဆောင်တဲ့အရာတိုင်းအတွက် ပြန်တာ၀န်ယူရမှာဖြစ်တယ်လို့ မြန်မာစစ်တပ်ခေါင်းဆောင်တွေကို ကုလသံတမန် သတိပေး

လုပ်ဆောင်တဲ့အရာတိုင်းအတွက် ပြန်တာ၀န်ယူရမှာဖြစ်တယ်လို့ မြန်မာစစ်တပ်ခေါင်းဆောင်တွေကို ကုလသံတမန် သတိပေး

ဖေဖော်၀ါရီ ၁၅

မြန်မာစစ်တပ် အကြီးအကဲတွေအနေနဲ့ ၎င်းတို့ လုပ်ဆောင်သမျှ အရာတိုင်းအတွက် ပြန်တာ၀န်ယူရလိမ့်မယ် ဆိုပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး သံတမန်က ဖေဖော်၀ါရီ ၁၅ ရက်မှာ သတိပေးပြောဆိုသွားခဲ့ပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံမှာ CDM ကမ်ပိန်းအပေါ် ဘယ်လို ဖိနှိပ် နှိမ်နင်းမှုတွေ လုပ်လုပ် အကုန်ပြန်ပြီး တာ၀န်ယူရမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးစုံစမ်းရေးမှူး တွန် အန်ဒရူးစ်က သတိပေး ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“ခုဟာက မြန်မာပြည်သူတွေအပေါ် စစ်ဗိုလ်ချုပ်ကြီးတွေက စစ်ကြေညာထားသလို ဖြစ်နေပါတယ်” လို့ တွန် အန်ဒရူးစ်က တွစ်တာမှာ ရေးခဲ့ပါတယ်။

“ဒါတွေက ကြံရာမရ ဖြစ်နေတဲ့ လက္ခဏာတွေပါပဲ၊ သတိသာ ထားနေကြပါ ဗိုလ်ချုပ်ကြီးတွေရေ၊ ခင်ဗျားတို့ လုပ်တဲ့အရာတိုင်းအတွက် ပြန်တာ၀န်ခံရပါလိမ့်မယ်” လို့ အန်ဒရူးစ်က ရေးခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly