ရန်ကုန် ဗဟိုဘဏ်ပြင်ပမှာ စစ်တပ်နဲ့ လုံခြုံရေးချထားစဉ် ဆန္ဒပြသူများက CDM လှုပ်ရှားမှု ပြုလုပ်

ရန်ကုန် ဗဟိုဘဏ်ပြင်ပမှာ စစ်တပ်နဲ့ လုံခြုံရေးချထားစဉ် ဆန္ဒပြသူများက CDM လှုပ်ရှားမှု ပြုလုပ်
Photo: EPA

ဖေဖော်ဝါရီ ၁၅ 

ဖေဖော်ဝါရီ ၁၅ ရက်မှာ ရန်ကုန်မြို့ ဗဟိုဘဏ်အပြင်ဘက်မှာ စစ်သားတွေနဲ့ သံချပ်ကား ကားတွေ တပ်စွဲထားပြီး ဆန္ဒပြသူ ရာဂဏန်းခန့်က   ဝန်ထမ်းတွေကို အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM ) မှာ ပါဝင်ပေးဖို့ ဆက်လက်တိုက်တွန်းလျက်ရှိပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေကို ချေမှုန်းမှု ပြင်းထန်လာစဉ်မှာ မြန်မာစစ်တပ်ဟာ ဒီကနေ့ မနက်အစောပိုင်းမှာ နိုင်ငံအဝှမ်း အင်တာနက်ကို ယာယီဖြတ်တောက်ခဲ့ပြီး တပ်ဖွဲ့တွေ ထပ်တိုးချထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီကနေ့မှာ ဆန္ဒပြသူတွေဟာ လမ်းမပေါ် တဖန် ထွက်လာခဲ့ကြပါတယ်။

ဗဟိုဘဏ်အနီးမှာလည်း သံချပ်ကာ ကားတွေနဲ့ တပ်စွဲထားမှုအပါအဝင် ထပ်တိုးတပ်ဖွဲ့တွေကို ရန်ကုန်မြို့ရဲ့ အဓိကနေရာတွေမှာ တပ်ဖြန့်ချထားပါတယ်။

ယမန်နေ့ညက အင်တာလိုင်းတွေ မဖြတ်တောက်ခင် လူမှုမီဒီယာရဲ့  live ထုတ်လွှင့်မှုတွေမှာ စစ်ကားတွေနဲ့ စစ်သားတွေ နိုင်ငံရဲ့ တချို့နေရာဒေသတွေမှာ လှည့်လည်သွားလာနေတာကို တွေ့ရှိခဲ့ရပါတယ်။

ဒါပေမယ့် တနင်္လာနေ့ မနက်မှာတော့ ဗဟိုဘဏ်အနီး အပါအဝင် ရန်ကုန်မြို့ထဲမှာ ဆန္ဒပြမှုတွေ ထပ်မံပေါ်ပေါက်ခဲ့ပါတယ်။ 

နိုင်ငံတောင်ပိုင်းက ထားဝယ်မြို့မှာလည်း ဆန္ဒပြသူရာပေါင်းများစွာ ချီတက်လျက်ရှိပြီး တချို့ဆန္ဒဖော်ထုတ်သူတွေက "အာဏာရှင်တွေဟာ နေ့ခင်းမှာ လူသတ်တယ်။ ညမှာ ခိုးတယ်။ ရုပ်မြင်သံကြားကနေ လိမ်နေတယ်" ဆိုတဲ့ စာတန်းပါဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly