မြန်မာနိုင်ငံကို ခရီးမသွားသင့်သည့် အန္တရာယ်အဆင့် ၄ နိုင်ငံအဖြစ် အမေရိကန်သတ်မှတ် 

By US Department of State
15 February 2021
မြန်မာနိုင်ငံကို ခရီးမသွားသင့်သည့် အန္တရာယ်အဆင့် ၄ နိုင်ငံအဖြစ် အမေရိကန်သတ်မှတ် 
Photo: AFP

ဖေဖော်ဝါရီ ၁၅  

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါ၊ ပြည်တွင်းမငြိမ်သက်မှုနှင့် လက်နက်ကိုင် ပဋိပက္ခများကြောင့် အမေရိကန်က ခရီးမသွားရမည့် အန္တရာယ်အဆင့် ၄ ရှိ နိုင်ငံအဖြစ် သတ်မှတ်ထားသည်။  

ဖေဖော်ဝါရီ ၁၄ ရက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံရှိ အမေရိကန်အစိုးရ၏ မဖြစ်မနေတာဝန်ထမ်းဆောင်ရမည့်သူများမှလွဲပြီး ကျန်လူနှင့်မိသားစုဝင်များကို မိမိဆန္ဒအလျောက် ပြန်လာခွင့်ပေးကြောင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။  

ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးစင်တာ (CDC) ကလည်း မြန်မာနိုင်ငံတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ခရီးမသွားသင့်သည့် အဆင့် ၄ နိုင်ငံအဖြစ် ကျန်းမာရေးဆိုင်ရာ သတိပေးချက်လည်း ထုတ်ပြန်ထားပြီးဖြစ်သည်။ 

မြန်မာစစ်တပ်က ရွေးကောက်ခံအစိုးရတာဝန်ရှိသူများကို ဖမ်းဆီးထိန်းသိမ်းထားသောကြောင့် နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိပြီး ဆက်လက်ဖြစ်ပျက်နေမည်ဟုလည်း မျှော်လင့်ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly