အာဏာရှင်လက်အောက်မှာ လမ်းပေါ်မှာပဲ ဘောလုံးကစားမယ်လို့ လက်ရွေးစင်ဘောလုံးသမားတွေ စိတ်ပိုင်းဖြတ် 

အာဏာရှင်လက်အောက်မှာ လမ်းပေါ်မှာပဲ ဘောလုံးကစားမယ်လို့ လက်ရွေးစင်ဘောလုံးသမားတွေ စိတ်ပိုင်းဖြတ် 

စစ်အာဏာရှင်လက်အောက်မှာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအတွက် ဘောလုံးကစားတော့မှာ မဟုတ်ဘူးလို့ လက်ရွေးစင်ဘောလုံးသမားတွေက စိတ်ပိုင်းဖြတ် ပြောဆိုလိုက်ပါတယ်။ 

“ကျွန်တော်တို့ ဒီမိုကရေစီ ပြန်မရမချင်း ကျွန်တော်တို့တွေ လမ်းပေါ်မှာပဲ ဘောလုံးကစားသွားမယ်။ စစ်အာဏာရှင်လက်အောက်မှာ လက်ရွေးစင်အသင်းမှာ ပါဝင်မကစားနိုင်ဘူး။ ဒါဟာ ကျွန်တော်တို့ ဆန့်ကျင်ကန့်ကွက်တာကို ပြတာပဲ။”ဟု မြန်မာလက်ရွေးစင်ဘောလုံးအသင်းမှ ဂိုးသမားဖြစ်တဲ့ ကိုကျော်ဇင်ထက်က‌ ပြောပါတယ်။ 

ပြည်တွင်းမှာ စစ်အစိုးရသစ်ကို ဆန့်ကျင်ရေးတွေ အရှိန်အဟုန် ပြင်းထန်နေပြီး ကုလသမဂ္ဂကလည်း ဖယ်ရှားခံ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ 

လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း ကိုသီဟစည်သူက “ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေကို ပြန်လွှတ်ဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ စစ်အာဏာရှင်စနစ် အဆုံးသတ်ပြီး ဒီမိုကရေစီ ဖြစ်နိုင်သမျှ အမြန် ပြန်ရဖို့ တောင်းဆိုပါတယ်။”ဆိုပြီး ပြောပါတယ်။ 

“ကျွန်တော်တို့ဟာ ဘောလုံးသမားတွေပါ၊ ဒီလိုပဲ မြန်မာနိုင်ငံသားတွေလည်းပဲ ဖြစ်တယ်။ ခုချိန်မှာ ပြည်သူတွေဟာ အချင်းချင်း စည်းလုံးနေကြရတယ်။ ဒါကြောင့် တော်လှန်ရေးမှာ အားကစားသမားတွေလည်း ပါဝင်လာနေတာပဲ။”လို့ သူက ပြောပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်မှာ စစ်တပ်ရဲ့ အာဏာသိမ်းလိုက်တာကြောင့် ဆယ်နှစ်တာ သက်တမ်းရနေပြီဖြစ်တဲ့ နိုင်ငံရဲ့ ဒီမိုကရေစီဟာ ချုပ်ငြိမ်းသွားခဲ့ပြီး နိုင်ငံအနှံ့က မြို့တွေမှာ စစ်အာဏာသိမ်းမှုကို လက်မခံဘဲ မကျေနပ်ချက်တွေနဲ့ တော်လှန်ဖီဆန်တဲ့ ဆန္ဒပြပွဲတွေ အရှိန်မြင့် ပေါ်ပေါက်လျက် ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly